လောင်းရှည်မြို့တည် နှစ် ၁၀၀၀ ပြည့် မုခ်ဦးကျောက်စာတိုင်ဖွင့်

ဆော ၂၆  ဒီဇင်ဘာ 

 

ဂန့်ဂေါခရိုင် ဆောမြို့နယ် ရှေးမြို့ဟောင်း လောင်းရှည်မြို့တည် နှစ် ၁၀၀၀ ပြည့် မုခ်ဦးကျောက်စာတိုင် ဖွင့်ပွဲကို ဒီဇင်ဘာ ၂၆ ရက် (ကောဇာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၄ ရက်နေ့) တွင် လောင်းရှည်မြို့ဟောင်း စလင်းချောင်းကွင်းပြင်တွင် ပြုလုပ်သည်။

 

 

ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ သဘာဝပတ်ဝန်းကျင်နှင့်လျှပ်စစ်စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်တို့က ဖဲကြိုးဖြတ်ဖွင်လှစ်ခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက နှစ် ၁၀၀၀ ပြည့်အထိမ်းအမှတ် ကျောက်စာတိုင်အား အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းပေးကြသည်။

 

 

ထို့နောက် လောင်းရှည်ဒေသမှ ဥ(ပ်)ပူးချင်းတိုင်းရင်းသားများ၊ တောင်သားလူမျိုးများ၊ ယောဒေသလူငယ်မောင်မယ်များတို့၏ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး နှစ် ၁၀၀၀ ပြည့်ပွဲကို ဒီဇင်ဘာ ၃၀ ရက်ထိကျင်းပသွားမည်ဖြစ်ကာ တရားတော်နာကြားပွဲ၊ သံဃဒါနဆွမ်းလောင်းလှူပွဲ၊ အားကစားပွဲ၊ ပျော်ရွှင်ပွဲ၊ သမိုင်းပြခန်း၊ ရိုးရာဓလေ့ပြခန်းတို့ကို ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

 

မြို့နယ် ပြန်/ဆက်