လွိုင်ကော်မြို့၌ ကျင်းပသည့် ပအိုဝ်း ကျောင်းသား ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဆုပေးပွဲ ကျင်းပ

လွိုင်ကော်  ၂၉  ဇူလိုင်

 

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ် လွိုင်ကော်မြို့ရှိ တက္ကသိုလ်ပေါင်းစုံတွင် ပညာသင်ယူနေသော ပအိုဝ်း ကျောင်းသား/ ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့ မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

 

 

 

 

အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ တက္ကသိုလ် ကျောင်းအုပ်ကြီးများနှင့် မော်ကွန်းထိန်းများ၊ ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

 

 

 

 

ထို့နောက် လွိုင်ကော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကတို့က ဂုဏ်ပြုအမှာစကား အသီးသီးပြောကြားကြပြီး နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးက  ကြိုဆိုနှုတ်ဆက်စကား ပြန်လည်ပြောကြားခဲ့သည်။ 

 

 

အခမ်းအနားတွင် တက္ကသိုလ်အသီးသီး၌ တက်ရောက် ပညာသင်ကြားနေသော ထူးချွန် ပအိုဝ်းလူငယ် မောင်မယ်များအား ပညာရည်ချွန်ဆုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးတို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပအိုဝ်း ကျောင်းသား ကျောင်းသူများကိုယ်စား ပထမနှစ်ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

 

ဆုပေးပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပအိုဝ်း ကျောင်းသား/ ကျောင်းသူများ၏ ပညာရေးကဏ္ဍများအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

 

စိုင်းဉာဏ်လင်းထွဋ်