လက်ခံသင့်သော နှာခေါင်းစည်း ယဉ်ကျေးမှု

မေ ၁၃

 

နွေဦးရာသီရောက်လာပြီဆိုတာနဲ့ ဂျပန်နိုင်ငံမှာ ပန်းပေါင်းစုံပွင့်လေ့ရှိပါတယ်။ အထူးသဖြင့် ဧပြီလဆန်းမှာ ချယ်ရီပန်းတွေပွင့်တာမို့ ချယ်ရီပန်းပွဲတော်တွေကို တစ်နိုင်ငံလုံးမှာ ကျင်းပလေ့ရှိကြပါတယ်။ အဲဒီလိုပန်းတွေကို ကြည့်ကြရင်းနဲ့ နှာချေ၊ နှာရည်ယို၊ ချောင်းဆိုး၊ ယားယံ ခြင်းစတာတွေ ခံစားလာတတ်ကြပါတယ်။ ဒီလိုဖြစ်ရ တာဟာ Hay Fever လို့ခေါ်တဲ့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ကြောင်း သိရပါတယ်။ အအေးမိခြင်း၊ ဗိုင်းရပ်စ်ပိုး တစ်ခုခုကူးစက်ခံရခြင်းတို့ကြောင့် ဖြစ်ပွားရတာ မဟုတ်ဘဲ ပန်းပွင့်လေးတွေကထွက်တဲ့ ပန်းဝတ်မှုန် လေးတွေကို ရှူရှိုက်မိရာက ဓာတ်မတည့်ခြင်း (Allergic Reaction) ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေကထွက်တဲ့ အမှုန်အမွှားလေးတွေ၊ တခြားအမှုန်အမွှားလေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဂျပန်နိုင်ငံသား ၁၂၇ သန်းနဲ့ သုံးယောက်မှာတစ်ယောက်နှုန်း အခုလိုဖြစ်တတ်ကြကြောင်း သိရပါတယ်။ ဒီလို အခါမှာ နှာခေါင်းစည်း တပ်လိုက်ရင် ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ လူတိုင်း နှာခေါင်းစည်းတပ်လာကြသလို၊အလည်လာတဲ့ ဧည့်သည်တိုင်းလိုလိုကလည်း တပ်ဆင်ကြပါတယ်။ လမ်းတွေပေါ်မှာ မျက်နှာဗလာနဲ့လူကို မတွေ့ရသလောက်ပါပဲတဲ့။ ဒီလိုနဲ့ အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ကြလေ့ရှိလာပါတယ်။ အလုပ်သွား လည်းတပ်၊ နည်းနည်းနေထိုင်မကောင်းဖြစ်တာနဲ့ နှာခေါင်းစည်းတပ်ကြပါတယ်။ နှာခေါင်းစည်းတပ်ခြင်း ဟာမိမိထံက တခြားသူဆီမကူးစေနိုင်သလိုတခြားသူက တပ်ထားရင်လည်း ကိုယ့်ထံကို မကူးစက်နိုင်ဘူးလို့ လက်ခံကျင့်သုံးလာကြပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံမှာ နှာခေါင်းစည်းတွေ အသုံးများလာပါတယ်။ အထူးသဖြင့် ၂၀၁၅ ခုနှစ်ဟာ နှာခေါင်းစည်းအများဆုံးထုတ်လုပ် ရတဲ့ နှစ်ဖြစ်ကြောင်း သိရပါတယ်။ ၄ ဒသမ ၅ ဘီလီယံ အရေအတွက်မျှ ထုတ်လုပ်ရပါတယ်။ ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းခန့် ပိုပါတယ်။ နိုင်ငံသားတိုင်း အိမ်အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ရမယ်ဆိုတာ လုပ်နေကျအလုပ်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။ Mask Dependency (သို့မဟုတ်) Mask Culture လို့ခေါ်တဲ့ နှာခေါင်းစည်း ယဉ်ကျေးမှုတစ်ရပ်လို့တောင် ခေါ်ကြပါတယ်။ ၂၀၁၄ ခုနှစ်က နှာခေါင်းစည်း ချုပ်လုပ်ရောင်းချရမှုဟာ ယန်း ၂၃ ဒသမ ၂ ဘီလီယံ (ဒေါ်လာ၂၉၄သန်း) မျှရှိကြောင်း Fuji Keizai အမည်ရှိ နှာခေါင်းစည်းထုတ်လုပ်ရေး ကုမ္ပဏီက ဆိုပါတယ်။ ၂၀၀၉ ခုနှစ် HINI (Swine Flu) ဖြစ်ပွား စဉ်ကဆိုယန်း၃၄ဘီလီယံမျှရှိကြောင်းလည်း သိရပါတယ်။ ၂၀၀၃ ခုနှစ် ဆားစ်ရောဂါ(SARS) ဖြစ်ပွားစဉ်က Unichem ကုမ္ပဏီကြီးက အမှုန်လေးတွေကိုသာမက ကူးစက်ရောဂါ ပိုးတွေကိုပါ ကာကွယ်နိုင်တဲ့ PM2.5 အလွန်သေးငယ်တဲ့ အစစ်ကလေးတွေပါဝင်ရုံမက သက်သောင့်သက်သာ ရှိစေတဲ့ နှာခေါင်းစည်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ “နှာစေးသလား၊ နှာချေသလား၊ ချောင်းဆိုးသလား ဒီလို ဖြစ်တာနဲ့ နှာခေါင်းစည်းတပ်ရမယ်ဆိုတာ မိသားစုတိုင်းက လက်ခံကျင့်သုံးလာခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ်က ဂျပန်နိုင်ငံသား ငါးဦးမှာ တစ်ဦးနှုန်း၊ ၂၀၁၁ ခုနှစ်မှာ သုံးဦးမှာ တစ်ဦးနှုန်း နှာခေါင်းစည်းကို လူတိုင်းနီးပါး အသုံးပြုလာကြတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေ ကလည်း သုံးရတာ နှစ်သက်ပါတယ်တဲ့။ "နှာခေါင်းစည်း တပ်ထားရင် အပြင်ထွက်တဲ့အခါ မိတ်ကပ်မလိမ်းဘဲ ထွက်လို့ရတယ်"လို့ ဆိုပါတယ်။

 

အခု ကိုဗစ်-၁၉ ဖြစ်ပွားစဉ်မှာတော့ ဝန်ကြီးချုပ် မစ္စတာအာဘေးက အိမ်ထောင်စုတစ်ခုစီကို ပြန်အသုံး ပြုလို့ရတဲ့ အဝတ်သားနှာခေါင်းစည်း နှစ်ခုစီ (အရေ အတွက် ၅ဝ ဘီလီယံ) ဝေငှမယ်လို့ပြောပါတယ်။ နှာခေါင်း စည်းတွေကိုတပ်ဆင်တာဟာ တကယ်ကိုကျင့်သားရနေတဲ့ အလေ့အထယဉ်ကျေးမှုတစ်ခု ဖြစ်နေပါပြီလို့ ဆိုကြပါတယ်။ "အေးလှတဲ့ဆောင်းရာသီမှာ သူ့ကြောင့် လည်ချောင်းနွေးပါတယ်၊ ဒီတော့ အအေးမိတာ မဖြစ်တော့ဘူး။ ဒီလိုသုံးလာတာ ငါးနှစ်လောက်ရှိလာ ပါပြီ"လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အသက်၃၀၄၀အရွယ်တွေဟာ Masks Addict နှာခေါင်းစည်းစွဲတယ်လို့ ဆိုရလောက်အောင် အိမ်ပြင်ထွက်တာနဲ့ နှာခေါင်းစည်း တပ်ရတာကို စွဲနေသလို ဖြစ်နေကြပါတယ်။ အမျိုးသမီး တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ ဒီလိုဖြစ်နေကြတယ်။ အခုလို ကိုဗစ်ကပ်ရောဂါအချိန်မှာတော့ သိပ်ကိုအဆင်ပြေသွားတာပါပဲလို့ ဆိုပါတယ်။ အရှေ့အာရှနိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်တို့ဟာ ဒီကပ်ရောဂါကြီးကို အချိန်စောစောအောင်နိုင်ခဲ့တာဟာ နှာခေါင်းစည်းတွေ တပ်ဆင်ကြခြင်းက လွန်စွာအထောက် အကူပြုခဲ့တာဖြစ်ကြောင်းတွေ့ရပါတယ်။

 

Masks For All ချက်သမ္မတနိုင်ငံနှင့် နှာခေါင်းစည်းလှုပ်ရှားမှု

 

ဥရောပတိုက်က ချက်သမ္မတနိုင်ငံဟာလည်း ကိုဗစ်ရောဂါထိန်းချုပ်ရေးမှာ အလွန်အောင်မြင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဥရောပကို ကိုဗစ်ကူးစက်နေပြီလို့ သိတာနဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ဩစတြီးယားနဲ့ ဟန်ဂေရီနိုင်ငံ နယ်စပ်တွေမှာ စစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ ပြည်တွင်းမှာ လူတိုင်းနှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့ ခပ်ခွာခွာနေကြဖို့၊ အိမ်မှာကြေဖို့ စတာတွေကို တင်းကျပ်စွာ ဆောင်ရွက်ခဲ့ ပါတယ်။ အစားအစာနဲ့ ဆေးဝါးဆိုင်တွေကလွဲပြီး မည်သည့်ရောင်းဝယ်မှုတွေကိုမျှ မတ် ၁၄ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့ အထိ မဖွင့်ရလို့ အမိန့်ပေးတားမြစ်ထားပါတယ်။ အစိုးရနဲ့ သက်ဆိုင်ရာ ဒေသန္တရအမိန့်တွေကို ချိုးဖောက်ရင်၊ နှာခေါင်းစည်းမတပ်ရင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၈၀၀ တပ်ပါတယ်။ အထူးသဖြင့် နှာခေါင်းစည်းတပ်ခြင်းကို ဖိအားပေးခဲ့ပါတယ်။ နှာခေါင်းစည်းတွေ အရေးပေါ်လိုအပ် လာပါတယ်။ နှာခေါင်းစည်းတွေဟာ အရေးပါတဲ့အစီ အမံဖြစ်တယ်လို့ လက်ခံယုံကြည်ကြတာကြောင့် Masks 4AIl....Masks for All Campaign..My mask protect you. Your mask protect me polo clogelagdeco နဲ့အတူ လှုပ်ရှားမှုကြီး တစ်နိုင်ငံလုံးမှာ လုပ်ခဲ့ကြပါတယ်။ No. N95 Respirator မလိုပါ၊ နှာခေါင်းနဲ့ပါးစပ်အုပ် ကာကွယ်ထားဖို့သာ အဓိကတဲ့။ တစ်နိုင်ငံလုံးကနိုင်ငံသား ၁၀ သန်းအတွက် နှာခေါင်းစည်းတွေကို အိမ်တွင်းမှာချုပ်ကြပါတယ်။ မိသားစုတိုင်းက ပါဝင်ကူညီကြသလို အသင်းအဖွဲ့ တွေကလည်း ပါဝင်ကြပါတယ်။ စက်ရုံတွေကိုပိတ်လိုက်ရ တာကြောင့် စက်ရုံအများစုကို နှာခေါင်းစည်းထုတ်လုပ်နိုင်တဲ့ လုပ်ငန်းတွေအဖြစ် ပြောင်းလဲလိုက်ကြပါတယ်။ ကျောင် တွေ၊ တက္ကသိုလ်တွေလည်း ပိတ်လိုက်တာမို့ အဲဒီနေရာတွေဟာ နှာခေါင်းစည်း ချုပ်ရာနေရာတွေ ဖြစ်သွားခဲ့ပါတယ်။ စက်ရုံထုတ်တွေထက် အိမ်ထုတ်နှာခေါင်းစည်း(Home made masks)တွေ ပိုထုတ်နိုင်အောင် ကြိုးပမ်းကြတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးကို အချိန်သုံးရက်အတွင်း အခမဲ့ ဖြန့်ဝေ နိုင်အောင် အားစိုက်ဆောင်ရွက်ခဲ့ကြပါတယ်။ သုံးရက်အတွင်း လူ ၁၀ သန်းဆီ အရောက်ပို့ပြီး မဖြစ်မနေ အသုံးပြုနိုင်ကြလို့ ကိုရိုနာပိုးကို ကောင်းစွာ ဖြတ်တောက်နိုင်ခဲ့ကြပါတယ်။

 

ချက်နိုင်ငံမှာ မတ်လ ၃၁ ရက်နေ့က သေဆုံးသူ ၂၄ ဦး၊ ဖြစ်ပွားသူ ၃၀၀၄ ဦးနဲ့ ထိန်းချုပ်သွားနိုင်ပါတယ်။ ဆောင်ရွက်မှုတွေမှာ ချက်နိုင်ငံရောက် ဗီယက်နမ်လူမျိုးတွေရဲ့ ပါဝင်ဆောင်ရွက်မှုတွေကလည်း အတော်ထိရောက်ခဲ့ တယ်လို့ သိရပါတယ်။ ချက်နိုင်ငံမှာ အခြေချနေထိုင်တဲ့ ဗီယက်နမ်လူမျိုး ၆၇၀၀၀ ခန့်ရှိပြီး ဆလိုဗက်နဲ့ ယူကရိန်း စတဲ့လူမျိုးတွေပြီးရင် အများဆုံးရှိနေတဲ့ လူနည်းစု minority ဖြစ်ကြောင်း သိရပါတယ်။ သူတို့ဟာ ချက်နိုင်ငံမှာနေထိုင်ကြတာ နှစ်ပေါင်းသုံးဆယ်ခန့်ရှိနေကြပြီး အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေ အောင်မြင်နေကြပါတယ်။ အခုလို အရေးကြီးလာတော့ သူတို့က Heart and Masks ဆိုတဲ့လှုပ်ရှားမှု လုပ်ကြပါတယ်။ လူမှုကွန်ရက်

 

ကနေလည်း အဖွဲ့ဖွဲ့ ပါတယ်။ အဖွဲ့ဝင် ၁၀၀၀ ခန့် ချက်ချင်း ရလိုက်ပြီး လူ ၂၅ဝ ခန့်စီ အလှည့်ကျ home made masks တွေ ချုပ်ကြပါတယ်။ အခြားသူတွေကလည်း သင့်တော်ရာ အစီအစဉ်တွေနဲ့ ပါဝင်ကြပါတယ်။ သူတို့ဟာ များသောအား ဖြင့် ကိုယ့်အဝတ်အစားကို ကိုယ်တိုင်ချုပ်ဝတ်နေကျဖြစ်လို့ နှာခေါင်းစည်းတွေ ချုပ်ရာမှာလည်း အလွန်ခရီးပေါက်ကြ ပါတယ်။ အာရှသားတွေပီပီ သူတို့ကိုနေထိုင်ခွင့်ပေးထားတဲ့ နိုင်ငံမြို့ ကျေးဇူးဆပ်ရမယ်ဆိုတဲ့ စိတ်ဓာတ်လည်း ရှိနေ ကြသူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ လုပ်အားတွေအပါအဝင် တစ်နိုင်ငံလုံးက အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြ တာကြောင့် တစ်နိုင်ငံလုံးကို နှာခေါင်းစည်းတွေ ဖြန့်ဝေနိုင်ခဲ့ ပါတယ်။ လူထုကလည်း လိုက်နာဆောင်ရွက်ကြပါတယ်။ တစ်နိုင်ငံလုံးကို သုံးရက်အတွင်း ဖြန့်ဝေအသုံးချနိုင်ခဲ့ကြလို့ အချိန်တိုအတွင်း ကူးစက်ရောဂါကြီးအပေါ် အောင်နိုင်ခဲ့ပါ တယ်။ နှာခေါင်းစည်းတွေ အသုံးချနိုင်ခြင်းရဲ့ ထိရောက်ပုံကို လက်တွေ့ တွေ့မြင်ရခြင်းနဲ့အတူ စည်းလုံးညီညွတ်မှုရဲ့ အကျိုးတရားကိုလည်း တွေ့နိုင်ပါတယ်။ ( အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်မှ နှာခေါင်းစည်း လှုပ်ရှားမှု အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်က Sandra | Sacco ဆိုသူ အမျိုးသမီး တစ်ယောက်အကြောင်း News Week မဂ္ဂဇင်းကြီးရဲ့ Heroes of Pandemic အစီအစဉ်မှာ ဖတ်ရပါတယ်။ သူဟာ သားလေးကျန်းမာလို့ဆေးခန်း သွားပြတဲ့အခါ ဆရာဝန်က ကလေးကို နှာခေါင်းစည်းအမြဲ တပ်ထားပေးဖို့ညွှန်ကြားပါတယ်။ အသက်ရှူလမ်းကြောင်း မကောင်းတဲ့ သူ့ရဲ့ သားငယ်လေးဟာ နှာခေါင်းစည်းတပ် ထားတာကြောင့် နာမကျန်းဖြစ်မှုတွေ လျော့သွားတာ တွေ့ရပါတယ်။ ဒါနဲ့ အမြဲတပ်ခဲ့ပါတယ်။ နှာခေါင်းစည်း တစ်ခုချင်းစီကိုဝယ်သုံးရတာ အဆင်မပြေတာနဲ့ သူကိုယ်တိုင် အိမ်မှာချုပ်ပါတယ်။ သူ့ကလေးအတွက်လည်းသုံး၊ တခြား လိုအပ်သူတွေကိုလည်း ဝေငှပါတယ်။ အခု ကိုဗစ်-၁၉ ရောဂါဟာ အမေရိကန်မှာလည်း ဖြစ်လိုက်တာ မြင်မကောင်း ကြားမကောင်းအောင်ဖြစ်တော့သူလည်းတတ်နိုင်သလောက် ကူညီမယ်ဆိုပြီး ဖေ့စ်ဘွတ် Mask Makers Groupကနေ Knoxvellie Area Mask Makers Group Boop အုပ်စုတစ်ခု ဖွဲ့လိုက်ပါတယ်။ သူကအကျိုးအကြောင်း ရှင်းပြပြီး အများအကျိုးပြုဖို့ နှာခေါင်းစည်းတွေချုပ်ကြမယ် ဆိုပြီး စည်းရုံးလိုက်ပါတယ်။ အဖွဲ့ဝင်ပေါင်း ၂၅၀ လောက် ရရှိပြီး အိမ်လုပ်နှာခေါင်းစည်း ချုပ်ကြပါတယ်။ ရက်သတ္တ တစ်ပတ်ကို နှာခေါင်းစည်းပေါင်း ၁၀၀၀ လောက် ချုပ်နိုင် ကြပါတယ်။ ဆေးရုံဆေးခန်းတွေကို အခမဲ့ဝေငှပါတယ်။ သူတို့ အကျိုးအမြတ်အတွက် ဘာမှမယူပါဘူး။ စေတနာရှင်တွေက လှူဒါန်းတဲ့ ကုန်ကြမ်းပစ္စည်းတွေကိုသာ လက်ခံပြီး ကုန်ချောအဖြစ် ဖန်တီးလှူဒါန်းကြပါတယ်။ တင်နက်ဆီပြည်နယ် ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗင်-၁၉ ပိုးတွေ့ အတည်ပြုခံရသူ ၅၉၂၃ ဦး၊ သေဆုံးသူ ၁၂၄ ဦးနဲ့ အမေရိကန် ပြည်နယ် ၅၀ မှာ တော်တော်ဆုံးရှုံးမှုနည်းတဲ့ ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။ ဒီလိုဖြစ်ရတာဟာ အသာကာကွယ် ကုသမှုတွေနဲ့အတူ နှာခေါင်းစည်းတွေ တွင်ကျယ်စွာ သုံးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း ယူဆကြပါတယ်။ “နှာခေါင်းစည်းတပ်ခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့် ပွားခြင်းကို ထိထိရောက်ရောက် မဟန့်တားနိုင်ပါ ဆိုတဲ့ အယူအဆကြောင့် ဥရောပအချို့နိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံတို့မှာ နှာခေါင်းစည်းကို စိတ်မဝင်စားခဲ့ကြပါဘူး။ သို့သော် တင်နက်ဆီပြည်နယ်က လက်ခံကျင့်သုံးခဲ့ပါ အထူးသဖြင့် Knoxvellie Area Mask Makers Group ရဲ့ ကူညီဆောင်ရွက်မှုကလည်း များစွာထိရောက် စေခဲ့ပါတယ်လို့ ပြည်နယ်ကျန်းမာရေးဌာန တာဝန်ရှိသူ တို့က ဆိုပါတယ်။ အခုအခါ သူတို့အဖွဲ့ဟာ နှာခေါင်းစည်း အရေအတွက်ပေါင်း ၁၀၀၀၀၀ ခန့်ကို ချုပ်လုပ်နေကြကြောင်း သိရပါတယ်။

 

The Masks

 

နှာခေါင်းစည်းတွေကို ပြင်သစ်ခွဲစိတ်ဆရာဝန်ကြီး Paul Berger က ၁၈၉၇ ခုနှစ်ကပဲရစ်မြို့ဆေးရုံမှာ ခွဲစိတ်ကုသ စဉ်အတွင်း စတင်အသုံးပြုခဲ့ကြောင်း သိရပါတယ်။ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ကြောင်း ၂၀ ရာစု အစပိုင်းမှာ စတင်တွေ့ရှိခဲ့ပြီး ကျယ်ပြန့်စွာ အသုံးချခဲ့ ကြပါတယ်။ Wu lien-the ဆိုသူ တရုတ်လူမျိုးတစ်ဦးက သင့်တော်တဲ့မျက်နှာဖုံး (နှာခေါင်းနှင့် ပါးစပ်ဖုံး)ပုံစံကိုတီ ထွင်ပြီး ၁၉၁၀-၁၉၁၁ ခုနှစ်ပလိပ်ကပ်ရောဂါ (Pneumonic Plague) မန်ချူးရီးယားမှာဖြစ်စဉ် အသုံးပြုခဲ့ပါတယ်။ အသုံးဝင်လှလို့ ၁၉၁၈ ခုနှစ် တုပ်ကွေးအဖျားကပ်ရောဂါ (Pandemic Flu) မှာ အသုံးပြုခဲ့ကြပါတယ်။ ဝန်ထမ်းတွေ အသုံးပြုခြင်းကို ၁၉၁၈ ခုနှစ်မှာပဲ စတင်ခဲ့ပြီး ၁၉၄ဝ ပြည့်နှစ်တွေအတွင်း တီဘီရောဂါရှင်တွေကို ပြုစုနေကြတဲ့ သူနာပြုတွေအတွက် cheesecloth, (gauze-like carded cotton cloth) ချိစ်အဝတ်စတွေနဲ့ ချုပ်ထားတဲ့နှာခေါင်းစည်းတွေကို သုံးခဲ့ပါသေးတယ်။

 

အခုအသုံးများနေတဲ့ Surgical masks ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေကို ၁၉၆ဝ ပြည့်နှစ်တွေမှာ သုံးခဲ့ပါ တယ်။ Non-waven fabric ပိတ်စမဟုတ်တဲ့ နိုင်လွန်ထည်တွေ ဖြစ်ပါတယ်။ ပိတ်စနှာခေါင်းစည်းတွေကိုတော့ ဖွံ့ဖြိုး ဆဲနိုင်ငံတွေမှာ ၂၀၀၂-၂၀၀၄ အာရှတိုက် ဆားစ် (SARS) ရောဂါ၊၂၀၁၃-၂၀၁၆ ခုနှစ် အနောက်အာဖရိက အီဘိုလာ ရောဂါတို့မှာ ကျယ်ပြန့်စွာသုံးခဲ့ကြပါတယ်။

 

ပိတ်စနှာခေါင်းစည်းတွေအသုံးပြုမှုကို အချို့သောပညာရှင်တွေက လက်မခံကြသေးတာကို တွေ့ခဲ့ရပါတယ်။ သို့သော် အခုလိုအချိန်မှာတော့ Conditionally recommend for general public အများပြည်သူသုံးရန် သင့်တော်ကြောင်း လက်ခံလာကြပါတယ်။ အမေရိကန် နိုင်ငံက ဆေးရုံပေါင်း ၁၆၀၇ ခုမှာ လေးပတ်ကြာလေ့လာခဲ့ရာ  two layer cotton mask တွေဟာ အတိုင်းအတာတစ်ခုအထိ အသုံးဝင်ကြောင်း၊ လျှော်ဖွပ်ပြီး ပြန်သုံးနိုင်ကြောင်း တွေ့ရှိကြလို့ ဖြစ်ပါ US(Source.Prevent Epidemics)

 

အခြားလေ့လာမှုတစ်ခုအရလည်း ပိတ်စနှာခေါင်း စည်းတွေဟာ 10pm or less (PM10) အရွယ်ရှိ အမှုန် အမွှားတွေကို စစ်နိုင်ကြောင်း တွေ့ရပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကိုဗစ်-၁၉ကူးစက်ကပ်ရောဂါကြီးကို တစ်နိုင်ငံလုံးညီညွတ်စွာ တွန်းလှန်နေကြပါတယ်။ အထူးသဖြင့် နှာခေါင်းစည်းတွေ တပ်ဆင်ခြင်းဟာ စိတ်ဝင်စား ဖွယ်ဖြစ်သလို အကျိုးပြုနိုင်တဲ့ ဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ နှာခေါင်းစည်းတွေ ကိုယ်တိုင်ချုပ်ကြတာ။ တပ်ဆင်အသုံးပြုကြတာတွေဟာ ကူးစက်ရောဂါတွေကို ကာကွယ်နိုင်ရုံမက အလေ့အထတစ်ခုလို လက်ခံအသုံးပြု နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ကူးစက်မှုတွေကို အတိုင်းအတာ တစ်ခုအထိ ကာလကြာရှည်စွာ ကာကွယ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေဟာ ကူးစက်ပျံ့နှံ့တဲ့အဆင့်ကနေ ကျဆင်းသွားလည်း ကမ္ဘာမြေမှာ အခြေအနေတစ်ခုအနေနဲ့ ရှိနေနိုင်တယ်ဆိုတဲ့ ပညာရှင်အချို့ရဲ့ ခန့်မှန်းမှုတွေ ရှိပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ အလွန် လူနေမှုစတိုင် (Life styles beyond covD-19) ဆိုတာတွေကိုတောင် ကြိုတင်မျှော်မှန်းနေမှုတွေ ရှိနေပါပြီ။ လူသားတွေအနေနဲ့ စည်းလုံးညီညွတ်ကြဖို့၊ ပညာနဲ့ သတိတရားတွေထားကြဖို့၊ သဘာဝပတ်ဝန်းကျင် ကြီးကို ထိန်းသိမ်းကြဖို့၊ လူသားကျင့်ဝတ်တွေနဲ့ ကျန်းမာ ရေးရာကိစ္စတွေကို မျက်ကွယ်မပြုကြဖို့ အစရှိတာတွေကို မမေ့မလျော့ ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။ ဒါမှသာနေ ပျော်တဲ့ ကမ္ဘာကြီးဖြစ်လာမှာပါ။ ဒီလိုအချက်တွေထဲမှာ ကောင်းမွန်ပြီး အများလိုက်နာဆောင်ရွက်နိုင်တဲ့ နှာခေါင်းစည်းယဉ်ကျေးမှု( Mask culture) ကဲ့သို့ အကျင့်စရိုက်တွေ ထည့်သွင်းဆောင်ရွက် ကြသင့်ကြောင်းပါခင်ဗျာ။ ။

 

ဒေါက်တာမြင့်သန်း (ညောင်လေးပင်)