Local Education
ပညာရေးနှင့်နည်းပညာ
ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့် ဒဂုံတက္ကသိုလ်နှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်တို့ကို ကြည့်ရှုစစ်ဆေး
20/09/23
ရန်ကုန်၊ စက်တင်ဘာ ၂၀
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် အဆင့်မြင့်ပညာဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံတက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ တတိယနှစ် ရူပဗေဒ၊ သင်္ချာနှင့် ဘူမိဗေဒဘာသာရပ်၊ စတုတ္ထနှစ် သတ္တဗေဒဘာသာရပ်များ ဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုသည်။