လပွတ္တာမြို့၌ ကဆုန်ပြည့်(ဗုဒ္ဓနေ့)တွင် ဆွမ်းဆန်‌တော်လောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

 

လပွတ္တာ မေ ၂၂

 

၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ဆွမ်းဆန်‌တော် လောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဘုရားလမ်းရှိ အောင်တော်မူ ဘုရားကြီးဝန်းတွင် ယနေ့နံနက် ၇ နာရီခက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ နံနက် ၆ နာရီ၌ လပွတ္တာမြို့၊ စိန်ရတုလမ်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ စု‌ပေါင်း၍ ဘုရားလမ်းရှိ အောင်တော်မူဘုရားကြီးသို့ စီတန်းလှည့်လည်ခဲ့ကြပြီး လပွတ္တာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၄၆) ကျောင်းမှ သံဃာတော် (၂၃၀) ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အား လောင်းလှူပူဇော်ခဲ့ကြသည်။

 

ထို့‌နောက် အောင်တော်မူဘုရားကြီး ပရိဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်းနှင့် ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

မူမူ

 

mdn