လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ

ရမည်းသင်း ၁၂ ဇူလိုင် 


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆရေးဦးစီးဌာန ဦးဆောင်ကျင်းပသည့် လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီက ရမည်းသင်းမြို့ စံလင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနေလင်းအောင်က လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်ပရခြင်းကို ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံး ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး စိန်ဖြိုးမောင်က မူးယစ်ဆေးဝါး အန္တရာယ်နှင့် မူးယစ်ဆေးဝါး ဥပဒေများကိုလည်းကောင်း၊ မြို့နယ် ပြည့်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်မြင့်မော်က လူငယ်များလမ်းမှား မရောက်ရှိစေရေး မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်နှင့် ကျန်းမာရေး အသိပညာပေးခြင်းကိုလည်းကောင်း၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း) မော်ကွန်းထိန် ဆရာမကြီး ဒေါ်စောခိုင်ခိုင်ရှိန်က လူငယ်များ အနာဂါတ် သားကောင်းရတနာများဖြစ်စေရန် မူးယစ်ဟူသမျှ ဆန့်ကျင်ရေး အသိပညာပေးခြင်းနှင့် ရမည်းသင်းခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ဥက္ကဌ ဦးဇော်မင်းစိုးက မူးယစ်ဆေးဝါးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်တိုက်ဖျက်ရေးနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း၏ ချမှတ်သည့်ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါး ဖြတ်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆွေးနွေးကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးက ကျောင်းသား၊ ကျောင်းသူများအား တိုင်းပြည်အားကိုးအားထားရသည့် လူတော်လူကောင်းများ ဖြစ်စေရန်နှင့် မူးယစ်ဆေးဝါးဖြင့် မိမိဘဝ ဆုံးရှုံးမှု မဖြစ်စေရေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။


ဇော်ဝင်းအောင်(ရမည်းသင်း)