လွယ်ဂျယ်မြို့၊ ဘားအံမြို့နယ်နှင့် လားရှိုးမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၁၁  သြဂုတ် 


ယမန်နေ့ နံနက် ၁၁ နာရီက မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ အောင်ဇေယျာရပ်ကွက်နေ ရန်အင်းဝင်း၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ဆာအုန်း(ခ)ကျန်းတီအန်း အားတွေ့ရှိပြီး အိပ်ခန်းခုတင်အောက်ရှိ မော်တော်ဆိုင်ကယ်ဒူးကာအတွင်းနှင့် မြက်ဖျာလိပ်အတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၉၂၅ ပြားနှင့် တရုတ်နိုင်ငံသုံးယွမ် ၆၀ဝ အား လည်းကောင်း။


ထို့အတူ သြဂုတ် ၉ ရက် မွန်းလွဲ ၁ နာရီခွဲက ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ဘားအံမြို့နယ်၊ မိဇံကျေးရွာအုပ်စု၊ စက်မှုဇုန် တိုးချဲ့ကျေးရွာအနီး တောစပ်တွင် စောလီကစ်(ခ) မောင်ကျော် မောင်းနှင်ပြီး မနန်းမူမူ လိုက်ပါ လာသည့်မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စောလီကစ်(ခ)မောင်ကျော်၏ လွယ်အိတ် အတွင်းရှိ အထုပ်တစ်ထုပ်ကို မနန်းမူမူကတောစပ်သို့ လွှင့်ပစ်လိုက်သဖြင့် စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၀ဝ ၊ လက်ကိုင်ဖုန်း ၂ လုံး၊ မြန်မာငွေကျပ်  ၂၁,၅၀ဝ နှင့် ဓားဦးချွန် တစ်ချောင်းတို့ကို လည်းကောင်း။


အလားတူ သြဂုတ် ၁၀ ရက် နံနက် ၆ နာရီက လားရှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် လားရှိုးမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ နယ်မြေ(၆)၊ ဟတ်ကာ လမ်းသွယ်နေ ရှောက်ရှုံး၏နေအိမ်ကို ရှာဖွေရာ အိပ်ခန်းခုတင်ခြေရင်းရှိ ကျောပိုးအိတ် အတွင်းမှ ဘိန်းဖြူ ၈၂ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၀ဝ နှင့် မြန်မာငွေကျပ် ၂၀,ဝ၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ သောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။


(ကိုရဲ)