အုတ်တွင်း ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေးပေးခြင်းကို ဇူလိုင် ၂၁ ရက်တွင် ခေါင်းရမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ပြုလုပ်သည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်က ရှင်းလင်းပြောကြားပြီး ခေါင်းရမ်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၆ ဦးအား မြစိမ်းရောင်ရန်ပုံငွေကျပ် ၃၃၂ သိန်းကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


