မြစ်သား ဇန်နဝါရီ ၉

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်သည် ဆည်ရေသောက်ဒေသဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီသီးနှံကို စိုက်ဧက ၂၇၉၀ ခန့် စိုက်ပျိုးထားရှိပြီး ကသဲကုန်းရွာ၊ ဆည်ရွာနှင့် လေးဆယ်ကုန်းရွာတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

ကြက်သွန်နီသီးနှံကို ဇွန်လနှင့် ဇူလိုင်လများတွင် စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်တူးဖော်ရကြောင်း၊ စိုက်ပျိုးရာတွင် ပေါင်ခတ်၍ ရေသွင်းရေတင်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် သိန်း ၃၀ ကျော်ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ကြက်သွန်နီ ပိဿာချိန် ၃၀၀၀ ကျော်ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများက စိုက်ခင်းအရောက် လာရောက်ဝယ်ယူကြပြီး မြို့နယ်အတွင်း ရောင်းချမှုအပြင် ကျောက်ဆည်၊ မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်နှင့် မြဝတီမြို့တို့သို့ တင်ပို့ရောင်းချကြကြောင်း၊ မိုးကြက်သွန်နီအနေဖြင့် ဒေသတွင်း စိုက်ပျိုးဧကနည်းပါးသော်လည်း သီးနှံထွက်ပေါ်ချိန်တွင် ဈေးကောင်းရရှိ၍ အကျိုးအမြတ် ပိုမိုရရှိကြောင်း ကြက်သွန်နီစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

 

DOCA (မန္တလေး)