မြစ်သား ဇန်နဝါရီ ၁၇

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပဲကျားသီးနှံကို ဧက ၄၀၀ ခန့် စိုက်ပျိုးထားရှိပြီး မကျီးကန်၊ တောင်တွင်းနှင့် ညောင်ဝန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

 

ပဲကျားသီးနှံကို နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး လေးလအကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ပဲကျားတစ်ဧကလျှင် စုစုပေါင်းငွေကျပ် နှစ်သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က ပဲကျားတစ်ဧကလျှင် ၁၂ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် ပဲကြော်လုပ်ငန်းရှင်များနှင့် မန္တလေး၊ ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုအချိန်တွင် ပဲကျားသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် ဈေးနှုန်းကောင်းမွန်ပါက တောင်သူများ အမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲကျားသီးနှံစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

 

DOCA(မန္တလေး)