မှော်ဘီမြို့နယ်တွင် အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

မှော်ဘီ၊ ဇန်နဝါရီ  ၆

 

အခြေခံ မော်တာစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်  သန္ဓေပင်ကျေးရွာအုပ်စု သံတတားကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

သင်တန်းဆင်းပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဘသိန်းက သင်တန်းဆင်း အမှာစကားများပြောကြားကာ မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ ချုပ်ထားသည့်အဝတ်ထည်များကို ကြည့်ရှု့အားပေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ကျေးရွာနေပြည်သူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆)လ ဘဏ္ဍာရေးနှစ် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ဇင်မင်းထိုက်(ထန်းတပင်)