မော်ဒယ်ကျော်ရဲထက်အား Mister Universe Tourism ပြိုင်ပွဲအတွက် ရွေးချယ်

၂၃ မေ


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် မေ၂၅ ရက်မှစတင် ကျင်းပမည့် Mister Universe Tourism ၂၀၁၈ ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ပြီး မြန်မာနိုင်ငံ၏ ရိုးရာအမွေအနှစ်များကို မှတ်တမ်းတစ်ခုအဖြစ် ချပြယှဉ်ပြိုင်သွားမည်ဟုကျော်ရဲထက် ကပြောသည်။


“ကျွန်တော်က တောင်ကြီးကနေ ဒေသကိုကိုယ်စားပြုဝင်ပြိုင်ရင်း ဆုရရှိခဲ့တာဖြစ်ပါတယ်၊ ဒီပြိုင်ပွဲမှာ ကျွန်တော်က Body Building တွေ၊ ရိုးရာဝတ်စုံပြိုင်ပွဲတွေအတွက် အများကြီးပြင်ဆင်ထားပါတယ်၊ ခရီးသွားအပိုင်းကိုတော့ မြန်မာနိုင်ငံရဲ့ ရိုးရာအမွေအနှစ်တွေကို ထည့်သွင်းရိုက်ကူးပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် အကောင်းဆုံး ပြသသွားမှာပါ၊ ကျွန်တော်က ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ပြီး မြှင့်တင်ရမှာဖြစ်ပါတယ်၊ ကျွန်တော်က ရှမ်းလူမျိုးဆိုတော့ ရှမ်းပြည်နယ်ကိုယ်စားပြုလည်းဖြစ်တာမို့ တောင်ကြီး၊ အင်းလေး၊ ပုဂံ၊ မန္တလေး စတဲ့မြို့တွေမှာရှိတဲ့ မြန်မာ့ရိုးရာအမွေအနှစ်တွေကို Short Video ၂ မိနစ် ၃၅ စက္ကန့်စာ ရိုက်ကူးပြီးပြသသွားမှာပါ” ဟု ဆိုသည် ။


Minister Universe Tourism ၂၀၁၈ ပြိုင်ပွဲသည် နိုင်ငံပေါင်း ၂၀ ကျော်မှ အလှမောင်များ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံက ဒုတိယအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ကျော်ရဲထက်က ပြိုင်ပွဲသို့ ဒီဇိုင်နာစည်သူဝင်းဖန်တီးချုပ်လုပ်ထားသည့် ကိန္နရာဝတ်စုံကို ရိုးရာဝတ်စုံအဖြစ် ရွေးချယ်ဝတ်ဆင်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။


ကိုလင်း