မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်းသူ ကျောင်းသား ကျောင်းသူများအား မော်တော်ဆိုင်ကယ် မောင်းလိုင်စင် ပြုလုပ်ပေးမည်

မန္တလေး ၂ ဇန်နဝါရီ

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်မောင်းသူတိုင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိ နားလည်ပြီး ယာဉ်မောင်းလိုင်စင်ရှိရေး အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး (မန္တလေး) နှင့် မန္တလာဒီဂရီ ကောလိပ်တို့ပူးပေါင်း၍ ဇန်နဝါရီ ၉ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီတွင် မန္တလာဒီဂရီကောလိပ် ဘွဲ့နှင်းသဘင် ခန်းမရှေ့တွင် ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အသက် (၁၈) နှစ် မပြည့်သေးသူများ (၁၁၀စီစီနှင့်အောက်) မော်တော်ဆိုင်ကယ်များ စီးနင်းရန် (က-၁) လိုင်စင်နှင့် အသက် (၁၈) နှစ်ပြည့်ပြီးသူများ ဆိုင်ကယ်မျိုးစုံ စီးနင်းနိုင်သည့် (က) လိုင်စင်များပြု လုပ်ပေးမည်ဖြစ်သည်။ 

လိုင်စင်ပြုလုပ်လိုသများသည် လူကိုယ်တိုင်လာရောက်၍ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူ၊ နောက်ခံအပြာရောင်ဖြင့် တစ်လက်မ ပတ်လည်ရောင်စုံ ဓာတ်ပုံ (၃) ပုံ ယူဆောင်လာရမည်ဖြစ်သည်။ 

(က-၁) လိုင်စင် (၂) နှစ် သက်တမ်းအတွက် ၁၈၇၀၀ကျပ်နှင့် (က) လိုင်စင် (၅) နှစ်သက်တမ်းအတွက် ၂၈၇၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေး သင်တန်းတက်ရောက်၍ ရေးဖြေနှင့် လက်တွေ့ ယာဉ်မောင်းနှင်မှု အောင်မြင်ရမည်ဖြစ်သည်။

အလားတူ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စဉ့်ကိုင်မြို့နယ်နှင့် မိုးကုတ်သို့ နယ်လှည့်၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်း လုပ်ငန်းများကို ကွင်းဆင်း၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)