မဟတ္တမဂန္ဒီ နှစ် (၁၅၀) ပြည့် မွေးနေ့အထိမ်းအမှတ် နံ့သာဖြူပင် စိုက်ပျိုးခြင်းအခမ်းအနားကျင်းပ

နေပြည်တော်  ၉  သြဂုတ် 
    

မဟတ္တမဂန္ဒီနှစ် (၁၅၀)ပြည့် မွေးနေ့အထိမ်းအမှတ် နံ့သာဖြူပင်စိုက်ပျိုးခြင်း အခမ်းအနား ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပသည်။ 
    

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က  မဟတ္တမဂန္ဒီ ကို ၁၈၆၉ ခုနှစ်၊ အောက်တိုဘာ (၂)ရက်တွင် မွေးဖွားခဲ့၍ ယခုနှစ် ၂၀၁၉ ခုနှစ်တွင် မဟတ္တမဂန္ဒီ၏ မွေးဖွားခြင်းနှစ်(၁၅၀)ပြည့်သည့် နှစ်ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံတွင် ဂန္ဒီ၏ နှစ် (၁၅၀)ပြည့် အထိမ်းအမှတ် အခမ်းအနားများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ပွဲတော်ကျင်းပရေးကော်မတီ၏ စီစဉ်မှုဖြင့် အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ လမ်းလျှောက်ပွဲနှင့် သစ်ပင်စိုက်ပွဲများ ကျင်းပရန် ရှိသည်ဟု သိရှိရပါကြောင်း။
    

မဟတ္တမဂန္ဓီ၏နှစ် ၁၅၀  ပြည့်မွေးနေ့မှသည် ၎င်းချမှတ်ခဲ့သည့် အကြမ်းမဖက်ရေး၊ ငြိမ်းချမ်းရေးဝါဒများ ကမ္ဘာအနှံ့ လွင့်ပျံ့ကာ ကိုယ်ချင်းစာတရားနှင့် ယှဉ်သောကမ္ဘာ့ငြိမ်းချမ်းရေး၊ ဒေသတွင်း၊ နိုင်ငံတွင်းငြိမ်းချမ်းရေးရှင်သန်ကြီးထွား ဖွံ့ဖြိုးတိုးတက် ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားသည်။
    

ထို့နောက် မဟတ္တမဂန္ဒီနှစ် (၁၅၀) ပြည့် မွေးနေ့အထိမ်းအမှတ် ပွဲတော်ကျင်းပရေး ကော်မတီ တာဝန်ရှိသူများက မဟတ္တမဂန္ဒီ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားတင် ပြပြီး နံ့သာဖြူပင်အားပေးအပ်ရာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက နံ့သာဖြူပင်ကို စိုက်ပျိုး ပေးကြသည်။


သတင်းစဉ်

 

1