Microsoft ရဲ့ Bing ရှာဖွေရေးဝက်ဆိုက်ဒ် တရုတ်နိုင်ငံမှာ သုံးလို့မရဖြစ်နေ

၂၄ ဇန်နဝါရီ


တရုတ်နိုင်ငံမှာ Microsoft ရဲ့ Bing ရှာဖွေရေးဝက်ဆိုက်ဒ်ကို သုံးလို့မရကြောင်း Bing သုံးစွဲသူတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ 


တရုတ်နိုင်ငံကနေ cn.bing.com ကို သုံးပြီး Bing ဝက်ဆိုက်ဖို့ဝင်ဖို့ ကြိုးစားရာ ဗုဒ္ဓဟူးနေ့ကစပြီး ဝင်လို့မရကြောင်း သိရပါတယ်။ 


Microsoft ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံမှာ Bing ဝက်ဆိုက်ဒ်ကို သုံးစွဲလို့မရကြောင်း နဲ့ နောက်တစ်ဆင့်ကို ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်သွားမယ်လို့ ပြောကြားပါတယ်။ 


တရုတ်ကွန်မြူနစ်ပါတီအာဏာပိုင်တွေရဲ့ ဆင်ဆာလုပ်ဆောင်မှုတွေကို "Great Firewall" အဖြစ် လူသိများပြီး ဖေ့စဘုတ်၊ တွစ်တာ နှင့် တခြားသော နိုင်ငံတကာက သတင်းမီဒီယာဝက်ဆိုက်ဒ်တွေကို တရုတ်နိုင်ငံအတွင်းမှာ "Great Firewall" က သုံးစွဲခွင့် မပေးတာကို တွေ့ရပါတယ်။ 


Google ရှာဖွေးရေးဝက်ဆိုက်ဒ် ကို ၂၀၁၀ ကတည်းက ပိတ်ပင်ထားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် တစ်နှစ်တည်းမှာ ဝက်ဆိုက်ဒ်ပေါင်း ၂၆,ဝ၀ဝ ကို တရားမဝင်ဝက်ဆိုက်ဒ်အဖြစ်သတ်မှတ်ပြီး ပိတ်ပင်ထားသလို အွန်လိုင်းမှာ ရှိပြီးသား ပို့စ် ၆ သန်းကိုလည်း ဖျက်ထားကြောင်း အစိုရသတင်းမီဒီယာ ဆင်ဟွာက ဒီလအစောပိုင်းမှာ ပြောကြားပါတယ်။ 


MDN
ကိုးကား-AFP