မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဇန်နဝါရီ ၁၀

 

မိန်းကလေးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကုလားထိပ်ကျေးရွာနေ မြတ်ကိုနှင့် သိန်းဦးတို့က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နေ မ xxx ၊ ၁၈ နှစ်နှင့် မ xxx ၊ ၂၀ နှစ်တို့ကို တရုတ်နိုင်ငံတွင် ကလေးထိန်းသည့်အလုပ် လုပ်ကိုင်ပါက တစ်လလျှင် ငွေကျပ် (၁) သိန်းရရှိမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားခဲ့ပြီး ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းနယ်မြေ ရဲစခန်း (ပ) ၁၄၂/ ၂၀၁၉၊ (ပ) ၁၅၇/ ၂၀၁၉၊  လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ တို့ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဖျာပုံခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၅ ရက်တွင် တရားခံမြတ်ကိုအား အလုပ်နှင့်ထောင်ဒဏ် တစ်ဆယ်နှစ်စီဖြင့် ပေါင်းနှစ် (၂၀)၊ တရားခံ သိန်းဦးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ် တစ်ဆယ်နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်