မြိတ်နှင့် ဝေါမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၂၈

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကုန်းဖောက်ကျေးရွာအနီးတွင် အောင်ပြည့်စုံ (ခ) လက်ပွားမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဧပြီ ၂၅ ရက် နံနက် ၉ နာရီတွင် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအုပ်စု၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် နောင်ဝင်းထွန်း (ခ) နောင်နောင် မောင်းနှင်ပြီး အောင်ချမ်းသာနှင့် ဝေဖြိုးကျော်တို့လိုက်ပါလာသည့် MAN တွဲယာဉ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၁၀၀ ကီလိုနှင့် ကက်တမင်း ၁၃ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား