မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျုံဒိုးမြို့တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်း ထပ်မံပြောင်းရွှေ့ဖွင့်လှစ်

ကော့ကရိတ် ၁၀   ဩဂုတ် 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်နှင့် ကျေးရွာအချို့ ရေဝင်ရောက်လျက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကျုံဒိုးမြို့ ရေဘေးရှောင်စခန်းသို့ သွားရောက်၍ စခန်းပြောင်းရွှေ့ရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

mdn

 

ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့များတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်များသို့ ထပ်မံ၍ ရေဝင်ရောက်လျက်ရှိရာ အိမ်ထောင်စု (၅၈၃)စု၊ လူဦးရေ (၂၇၃၅)ဦး တို့သည် ရေဘေးရှောင်စခန်းများနှင့် နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင်လျှက် ရှိကြောင်းနှင့် ကျုံဒိုးမြို့တွင် ဖွင့်လှစ်ထားသည့် အ-မ-က(၆)ကျောင်းနှင့် ကုန်သွယ်လယ်ယာဂိုဒေါင် ရေဘေးရှောင်စခန်း (၂)ခု တွင် ထပ်မံ၍ ရေများ ဝင်ရောက်သဖြင့် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ စခန်း(၂)ခုရှိ ရေဘေးရှောင်အိမ်ထောင်စု (၁၀၃)စု၊ လူဦးရေ (၄၆၅)တို့အား အ-ထ-က(ကျုံဒိုး) ကျောင်း ရေဘေးရှောင်စခန်းသို့ ပြောင်းရွှေ့နေရာချထားပေးလျှက် ရှိကြောင်း သိရှိရသည်။

 

mdn

 

ခင်မျိုးဝင်း (ခရိုင် ပြန်/ဆက်)