မိုက်ခရိုဆော့ဖ် တွဲဖက်တည်ဆောင်သူ ပေါလ်အယ်လန် ကင်ဆာရောဂါကြောင့် ကွယ်လွန်

၁၆ အောက်တိုဘာ 

 

မိုက်ခရိုဆော့ဖ်၊ ဆော့ဝဲလ် ရဲ့ တည်ထောင်သူ နောက်တစ်ဦးဖြစ်တဲ့ ပေါလ်အယ်လန်ဟာ မနေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ပေါလ်နဲ့ဘီဂိတ်တို့ နှစ်ဦးဟာ ၁၉၇၀ နှစ်များဆီက မိုက်ခရိုဆော့ဖ်ကို တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီးချမ်းသာတဲ့ ပေါလ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ် ရှိပြီဖြစ်ပါတယ်။

 

ပေါလ်မှာ သွေးဖြူဥနဲ့ ပတ်သတ်တဲ့ ကင်ဆာရောဂါခံစားနေရကြောင်း လူသိရှင်ကြား ကြေငြာအပြီး သီတင်း၂ ပတ် အကြာမှာ ကွယ်လွန်တာဖြစ်ပါတယ်။ ဒီရောဂါကို လွန်ခဲ့ကိုးနှစ်က ကုသခဲ့ပြီး အခုတစ်ကြိမ်ပြန်ဖြစ်လို့ သိရပါတယ်။ 

 

ပေါလ်အယ်လန်ဟာ ဘီလ်ဂိတ်နဲ့ ငယ်သူငယ်ချင်းများဖြစ်ပြီး အဲဒီကနေ ကွန်ပြူတာပရိုဂမ်မာအဖြစ် လုပ်ကိုင်ပါတယ်။ နောက်ပိုင်းမှာ သူငယ်ချင်းဖြစ်သူကို ဟားဗတ်တက္ကသိုလ်ကနေ ကျောင်းထွက်ဖို့ပြောဆိုပြီး မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ပူးတွဲတည်ထောင်ကြရာ ၁၉၉၀ ခုနှစ်များဆီက ငွေကြေးအားဖြင့်ပါ အောင်မြင်တဲ့ကုမ္ပဏီတစ်ခု ဖြစ်ခဲ့ပါတယ်။ 

 

ပေါလ်ကွယ်လွန်ကြောင်း မိသားစုရဲ့ထုတ်ပြန်ချက်မှ “ပေါလ်အယ်လန်ဟာ တီထွင်နိုင်တဲ့ပညာရှင်၊ ပရဟိတသမားအဖြစ် လူသိများနေပေမယ့် ကျမတို့အတွက်တော့ အလွန်ချစ်စရာကောင်းတဲ့ အကိုတစ်ယောက်၊ ဦးလေးတစ်ယောက်နှင့် အကောင်းဆုံးမိတ်ဆွေ တစ်ယောက်ဖြစ်တယ်။ သူဟာ မိတ်ဆွေနဲ့ မိသားစုအပေါ်မှာ နွေးထွေးမှနဲ့အတူ ဟာသဉာဏ်နဲ့ပါ ဆက်ဆံတယ်။ တချိန်တည်းမှာ ရက်ရောမှုနဲ့ စိုးရိမ်မကင်းတဲ့ စောင့်ရှောက်ပါတယ်။ သူရဲ့ နေ့စဉ်ပြုမှု ဆောင်ရွက်ချက်တွေကို ကျမတို့ ဂုဏ်ယူပါတယ်”လို့ ညီမဖြစ်သူ ဂျိုဒီက ထုတ်ပြန်ချက်ကို ဖတ်ပြပါတယ်။ 

 

MDN 

ကိုးကား- AFP