မိုင်းခတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းခတ် ၂၁  သြဂုတ် 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံး၊ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က (အ.ထ.က)မိုင်းခတ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ ပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျား ၅ ဦး၊ မ ၈ ဦးက "ပြည်သူဘဝ ငြိမ်းချမ်းဖို့ ဒီမိုကရေစီ ဖော်ဆောင်စို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျား ၇ ဦး၊ မ ၁၀ ဦးက "ဒီမိုကရေစီ အားကောင်းရေး တို့လူငယ်များဝန်းရံပေး" ခေါင်းစဉ်ဖြင့် စုစုပေါင်း(၃၀) ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


မြို့နယ်ပြန်/ဆက်