မိုင်းယောင်းမြို့နယ်တွင် ပုဂံရွှေစည်းခုံပုံစံတူ စေတီတော် တည်ထားကိုးကွယ်ရန် ညှိနှိုင်းစည်းဝေး

မိုင်းယောင်း ၁၈  ဇန်နဝါရီ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ပုဂံရွှေစည်းခုံပုံစံတူ စေတီတော် တည်ထားကိုးကွယ်နိုင်ရန် ညှိနှိုင်းစည်းဝေးပွဲကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းစည်းဝေးပွဲသို့ ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဘဒ္ဒိယ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇနှင့် သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစံသိန်းနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ စေတီတော်တည်ဆောက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီ အသီသီးမှ တာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်သာသနာရေး ဦးစီးဌာနမှူး ဦးညီညီဝေနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်တွင် ပုဂံရွှေစည်းခုံပုံစံတူ စေတီတော်ကို ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည်ဖြစ်ရာ ပါဝင်လှူဒါန်းလိုသော အလှူရှင်များ မြို့နယ်သာသနာရေး ဦးစီးဌာနမှူး ဦးညီညီဝေ ဝ၉-၄၂၈၁၂၃၇၁၀ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း စေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီမှ သိရသည်။


မြို့နယ်(ပြန်/ဆက်)

 

mdn