မိုင်းယုမြို့၌ တီဘီလူနာများအား ကွင်းဆင်းရှာဖွေကုသပေး 

မိုင်းယု   ၇  သြဂုတ်

 

တီဘီလူနာများအား ရှာဖွေကုသပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  မိုင်းယုမြို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့ တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာ စိုင်းထွန်းလှ ဦးဆောင်သောအဖွဲ့က မိုင်းယုမြို့ပေါ်နှင့် ရပ်ကွက်နေပြည်သူများ၊ ကလေးသူငယ်များကို သလိပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက် စမ်းသပ်ပေးခြင်း၊ တီဘီဆေးနှင့် အခြားလိုအပ်သော ဆေးဝါးများပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ တီဘီရောဂါ ရှာဖွေကုသရာတွင် စုစုပေါင်း ၁၉၃ ဦးအား အခမဲ့ ကုသပေးခဲ့ကြောင်း သိရသည်။ 

 

ကိုကိုနိုင်(မိုင်းယု)