မိုးညို ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်၌ (၁၀)ကြိမ်မြောက် ရေကင်းဇုန်နယ် အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ရေကင်းအုပ်စု အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်က အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဦးအောင်ကျော်ဦးနှင့် ဦးခင်မောင်ဝင်းတို့က ပြိုင်ပွဲကျင်းပရခြင်းနှင့် စည်းကမ်းချက်များ၊ စခန်းမှူးရဲအုပ်ကျော်သူဝင်းက လုံခြုံရေးဆိုင်ရာများနှင့် ဒေါက်တာ ငြိမ်းချမ်းပြည့်ဖြိုးက ကျန်းမာရေးဆိုင်ရာများကို ရှင်းလင်း ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်သည်။
ဖွင့်ပွဲတွင် သံပုရာခုံအသင်းနှင့် ဆုံကုန်းအသင်းတို့ ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇူလိုင် ၂၆ ရက်မှ စက်တင်ဘာ ၄ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)


