မြို့နယ်အချို့ရှိ သဘာဝဘေး ဖြစ်ပေါ်မှုများအပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိ

၁၁ သြဂုတ် 

လောင်းလုံ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ ကျောက်နီမော်-ရှင်မော် ကားလမ်း တစ်လျှောက်နှင့် မြတ်ရှင်မော်ဘုရားတွင် မြေပြိုမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လောင်းလုံမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များ သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

001

ပေါင်
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ မြေပြိုမှုဖြစ်ပွားရာနေရာတွင် ယနေ့နံနက်ပိုင်းထိ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် သေဆုံးသူ သုံးဦး၏ ရုပ်အလောင်းများအား ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ၅၁ ဦး ရှာဖွေတွေ့ရှိပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေပြိုမှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များသည် Thermal Imaging Camera (TIC) နှင့် LEADER Hasty နည်းပညာပစ္စည်းများ အသုံးပြု၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

002003

ရေး
မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်နှင့် အောင်မေတ္တာရပ်ကွက်တို့တွင် ယနေ့ နံနက် ၅ နာရီဝန်းကျင်က ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ရေးမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေးဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီ ပြောင်းရွှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကယ်ဆယ်ရေးလှေ ၂၆ စီး ဆက်လက် ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

009

ချောင်းဆုံ 
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလော့ကျေးရွာအုပ်စု အပြိုင်ကျေးရွာတွင် ယမန်နေ့က မုတော် ဘုန်းတော်ကြီးကျောင်း ဧရိယာပတ်ဝန်းကျင်ရှိ မြေပြိုမှုကြောင့် မုတော်ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် တစ်ဆောင်၊ လူနေအိမ်လေးလုံး ပျက်စီးခဲ့ပြီး  ယနေ့နံနက် ၂ နာရီခန့်က မြေပြိုမှု ဆက်လက်ဖြစ်ပွားရာ လူနေအိမ် လေးလုံး ထပ်မံပြိုကျခဲ့သဖြင့် စုစုပေါင်း လူနေအိမ် ရှစ်လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ နှီးမုတ်ကျေးရွာတွင် တောင်ကျရေနှင့် မြေစာများ မျောပါလာခြင်းကြောင့် ကားလမ်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပေးလျှက်ရှိကြောင်းနှင့် မြေပြိုကျမှုများ ထပ်မံဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိ နေရာများမှ လူနှင့် ရွေ့ပြောင်းနိုင်သော ပစ္စည်းများကို တာဝန်ရှိသူများက ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးလျှက်ရှိကြောင်း ချောင်းဆုံမြို့နယ်မြို့နယ် ပြန်/ဆက်မှ သိရသည်။

004

ကြာအင်းဆိပ်ကြီးမြို့နယ်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ မိုးသည်း ထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဇမိမြစ်ရေသည်စိုးရိမ်ချိန်အမှတ်(၃၅)ပေအထက် ၁ ပေကျော်ခန့် ကျော်လွန်ပြီး ရပ်ကွက်များနှင့် ကျေးရွာများအတွင်း လူနေအိမ်များသို့ရေများဝင်ရောက်နစ်မြုပ်မှုဖြစ်ပွားပြီး ရေဘေးရှောင်စခန်း အသစ်ထပ်မံ ဖွင့်လှစ်ခဲ့ရကြောင်း သိရသည်။

အဆိုပါရေဘေးရှောင်ပြည်သူများအား နယ်မြေခံတပ်ရင်းတပ်နယ်မှ တပ်မတော်သားများ မီးသတ် တပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လှေများ မော်တော်ကားများဖြင့် ရေဘေးရှောင်စခန်းသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း ပြန်ဆက်မှ သိရသည်။  

005

ခမောက်ကြီးမြို့ 
ကော့သောင်းခရိုင် ခမောက်ကြီးမြို့ လုံးဖောကျေးရွာတွင် ယနေ့ နံနက် ၄ နာရီမှ  စတင်၍ မြစ်ရေတက်ကာ အနိမ့်ပိုင်း  နေအိမ်များအတွင်းသို့  သုံးပေခန့် ရေဝင်ရောက်လျက်ရှိသဖြင့် နံနက် ၉ နာရီမှ စတင်ကာ နေအိမ်များ အတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

လုံးဖောကျေးရွာ အနိမ့်ပိုင်း၌ အိမ်ခြေ ၄၁ အိမ်ခန့်ရှိပြီး ပင်လယ်ရေ တက်လာချိန်နှင့် တောင်ကျချောင်းရေ စီးဆင်းလာမှုကြောင့် အိမ်ခြေ ၂၀ ခန့်  ရေဝင်ရောက်လျက်ရှိပြီး တစ်ထပ်အိမ်များအား နီးစပ်ရာ ကုန်းမြင့်အိမ်များသို့ ပြောင်းရွှေ့နေထိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ခမောက်ကြီးပြန်ဆက်မှ သတင်းရရှိသည်။

006

ဘီးလင်း
ဘီးလင်းမြို့နယ် တောင်ကြီးကျေးရွာ ယနေ့နံနက်ပိုင်းက  ကေလာသတောင်တတ် ကားလမ်း ပြိုကျခဲ့ ကြောင်း သတင်းရရှိသည်။

007

ကျောက်မဲ
ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ မန်နားရပ်၊ စိန်ကျောက်တောင်ဘုန်းကြီးကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့၍ ကျောက်မဲမြို့နယ် မီးသတ်စခန်းမှ သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းခဲ့သည်။

MDN

Credit: မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

008