မက်ခ်မေလာကို သတိတရ ရှိနေသေးတဲ့ အရီရန်နာဂရန်းဒ်

၂ ဇန်နဝါရီ

အမေရိကန်ပေါ့ပ်ကြယ်ပွင့် အရီရန်နာဂရန်းဒ်ဟာ လတ်တလောမှာ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ချစ်သူဟောင်းဖြစ်တဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ တေးသံရှင် မက်ခ်မေလာနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် အရီရန်နာဂရန်းဒ်အနေနဲ့ မက်ခ်မေလာကို သတိတရရှိနေသေးတာ ဖြစ်တယ်လို့ ဆိုရမှာပါ။

လတ်တလောမှာ အရီရန်နာဂရန်းဒ်က သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ စန္ဒရားတီးနေတဲ့ မက်ခ်မေလာရဲ့ ဓာတ်ပုံဟောင်းတစ်ပုံကို ဖော်ပြခဲ့တာ ဖြစ်ပါ တယ်။ ယင်းဓာတ်ပုံဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဓာတ်ပုံဆရာ စတီဖန် ကိုလီက ဖော်ပြခဲ့ဖူးတဲ့ပုံလည်း ဖြစ်ပါတယ်။ ဒီလိုဖော်ပြပြီးနောက် မကြာမီမှာပင် အရီရန်နာဂရန်းဒ်က သူဖော်ပြခဲ့တာတွေကို ပြန်လည်ဖျက်သိမ်းခဲ့တာကိုလည်း တွေ့ရကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။