မင်းဘူးမြို့နယ်၌ ဗုံးသီးဟောင်း တစ်လုံး တွေ့ရှိ

နေပြည်တော် ၁၈ ဇန်နဝါရီ 


ဇန်နဝါရီ ၁၇ ရက်နေ့ နံနက်ပိုင်းက မင်းဘူးမြို့နယ်၊ ထောက်ရှာပင် ကျေးရွာဆိပ်ကမ်းအနီး ဧရာဝတီမြစ်အတွင်း ရွှေတပင်ကျေးရွာနေ ဦးအောင်လင်း (၄၀) နှစ်သည် ငါးဖမ်းရန် ပိုက်ကွန်ပစ်ရာမှ ပိုက်ကွန်အတွင်း ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိခဲ့ကြောင်း သိရသည်။


အဆိုပါ ဗုံးသီးမှာ အလျား ၁၁ လက်မ၊ အချင်း ၆ လက်မခန့် ဒုတိယ ကမ္ဘာစစ်လက်ကျန် စစ်လေယာဉ်သုံး ဗုံးသီးဟောင်း ၁ လုံး(မကောင်း) ဖြစ်ကြောင်း သိရပြီး ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 


(ရဲပြန်ကြား)