မင်္ဂလာဒုံမြို့နယ်တွင် Seeder စိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထားသော နွေစပါးစံကွက်ရိတ်သိမ်းပွဲပြုလုပ်

ရန်ကုန် ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် Seeder စိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထားသော နွေစံပါးစံကွက် ရိတ်သိမ်းပွဲကို ရွှေနံသာကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၅၃၁)တွင် ဧပြီ ၂၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုသို့ နွေစံပါးစံကွက်ရိတ်သိမ်းပွဲကို ကွင်းအမှတ်(၅၃၁)၊ ဦးပိုင်အမှတ် (၃၅/၂)ပိုင်ရှင် တောင်သူဦးအောင်ဝင်း၏ စိုက်ခင်းတွင် စိုက်ပျိုးထားသော စပါးအမျိုးအစားမှာ ဆင်းသုခစပါးမျိုးဖြစ်ပြီး လျာထားစိုက်ဧကမှာ ၁၀ဧက စိုက်ပျိုးထားနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းမှာ ၁၁၅ တင်းရရှိသဖြင့် စုစုပေါင်း ၁၁၅၀ တင်းထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဆွေ ထံမှ သိရသည်။

အဆိုပါ စပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းညွန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးနိုင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန  ဦးစီးအရာရှိ ဦးမြင့်ဆွေနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

တစ်ဧကအထွက်နှုန်းတိုးတက်စေရေးအတွက် တောင်သူပညာပေးလုပ်ငန်းများနှင့် နွေစပါးစိုက်ခင်းများတွင် တစ်ဧကအထွက်နှုန်းအတွက်လိုက်နာရမည့်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေးဆောင်ရွက်လျက်ရှိပြီး နည်းပညာမျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေးအတွက် ကူညီပံ့ ပိုးဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မျိုးစေ့ထုတ်တောင်သူများကိုလည်း မြေဩဇာများထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။  

ဌေးလင်း(မင်္ဂလာဒုံ)