မြင်းခြံမြို့တွင် ပန်းခင်းစီမံချက် အသိပညာပေး LED Board မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ

မြင်းခြံ ဒီဇင်ဘာ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ယနေ့နံနက် ၈ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့်၊ ပန်းခင်းစီမံချက် အသိပညာပေး LED Board မော်တော်ယာဉ်နှင့် မြို့ပေါ်တွင် အသိပညာပေးခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြပြီး လူစည်ကားရာနေရာများတွင် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြင်းခြံခရိုင်ဦးစီးမှူး ဦးမျိုးမြတ်ဆွေနှင့် ဝန်ထမ်းများ၊ မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်သိန်းနှင့် တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မြင်းခြံမြို့နယ် ဦးစီးမှူး ဦးစောလှမောင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့် ပန်းခင်းစီမံချက် အသိပညာပေး LED Board မော်တော်ယာဉ်ဖြင့် မြို့ပေါ်တွင် လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး လူစည်ကားရာနေရာများဖြစ်သည့်  မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးရှေ့၊ မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်ရှေ့၊ ဂရိတ်မီးပွိုင့်လမ်းဆုံ၊ ခရိုင်/မြို့နယ် ထွေအုပ်ရုံးရှေ့တို့တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

ကျော်စွာ(မြင်းခြံ)