မင်းလှမြို့ ဇေယျာသီရိစျေးတွင် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေး ဆောင်ရွက်

အထက်မင်းလှ  ၁၄    ဩဂုတ် 

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေး လှုပ်ရှားမှုအဖြစ် မင်းလှမြို့ဇေယျာသီရိစျေးတွင် ယနေ့နံနက်()နာရီက ဌာနပေါင်းစုံ ပူးပေါင်းပါဝင်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကြွပ်ကြွပ်အိတ်အသုံးပြုခြင်း၏ ဆိုးကျိုးများအား အသိပညာပေးဟောပြောပေးခြင်း၊ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စျေးရောင်းစျေးဝယ်သူများအား ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေးနှင့် အစားထိုးအသုံးပြုရေးလမ်းညွှန်ချက် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။                                                                                                                              

ဇာဇာ(အထက်မင်းလှ)

image-0-02-06-0025227d6d7ab890edd21d59495ead2c1d86bef6da50446a2c1e10630de0a07b-V

image-0-02-06-f65d3b042168534b6c362e0ef504e9bbb51fcc2b8fdab6add0b65e00739cf5aa-V