မင်းလှ၌ ကရင်ရိုးရာချည်ဖြူမင်္ဂလာပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မင်းလှ ၁၆  သြဂုတ် 

 

ကရင်တိုင်းရင်းသားတို့၏ ဘာသာစာပေအနုပညာနှင့် ယဉ်ကျေးမူဓလေ့ထုံးစံများ ခိုင်မာလာစေရန်၊ ပျောက်ပျက် မသွားစေရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်စေး၏ လမ်းညွှန် ချက်နှင့်အညီ သာယာဝတီခရိုင်အဆင့်ကိုယ်စားပြု ကရင်ရိုးရာချည်ဖြူမင်္ဂလာပွဲအား မင်းလှမြို့၊ အမှတ်(၂) ရပ်ကွက်၊ မြို့မစာသင်တိုက်တွင် သြဂုတ် ၂၁ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။ကရင်ရိုးရာချည်ဖြူမင်္ဂလာပွဲသည် ခရိုင်အတွင်းရှိ ကရင်တိုင်းရင်သားများအားလုံး လာရာက်ပြီး တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးစွာ ညာလက်တွင် ချည်သုံးပတ်ချည်နှေင်ပြီး ဆုတောင်းမင်္ဂလာပြုသည့် ပွဲတစ်ခုဖြစ်ကြောင်း သိရ သည်။

 

ကရင်အမျိုးသားအချင်းချင်း  ချစ်ကြည်သွေးစည်းမူခိုင်မြဲစေရန်၊  လူငယ်များသွန်သင်ဆုံးမစကားကို နာခံနိုင် ရေးနှင့် အနာဂတ်ခေါင်းဆောင်များဖြစ်လာရန်၊ယဉ်ကျေးမူ(၅)မျိုး ဖြစ်သော စကား၊ စာပေ၊  အနုပညာ၊ ဝတ်စားဆင်ယဉ်မူနှင့် ရိုးရာဓလေ့များမပျောက်ကွယ်စေရန်၊ ယဉ်ကျေးမူနှင့် လူနေမူအဆင့်မြင့်မားသောလူမျိုး မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမူဓလေ့ ထုံးတမ်းများကို မြတ်နိုးတန်းဖိုးထားထိန်းသိမ်းတတ်သော အသိပညာ အတတ်ပညာ မြင့်မားသော လူမျိုးများအဖြစ်တည်တံ့စေရန်ဟူသော ရည်ရွယ်ချက်များဖြင့်  ဝါခေါင်လ ချည်ဖြူပွဲ ကိုကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

‘‘လက်ချည်ပွဲတွင် အဓိကပစ္စည်း(၉)မျိုးမှာ စကော၊ ယောက်မ၊ ထမင်းဆုပ် ၇ ဆုပ်၊ ကောက်ညင်းဖင်ချွန်း( ၂ ထုပ်တစ်စည်း ၇ ထုပ်)၊ ငှက်ပျော်သီးမှည့် ၇ လုံး၊  နတ်ပန်းညို ၇ ခက်၊ ကြံပိုင်း ၇ ပိုင်း၊ရေတစ်ခွက်၊ တစ်တောင်ခန့်ရှည်သောချည်ဖြူများတို့ကို ကရင်တိုင်းရင်းသား အကြီးအကဲများက လိပ်ပြာခေါ်ဆုတောင်းပြီး လက်ကို ချည်သုံးပတ်ချည်ပေးတဲ့ပွဲဖြစ်ကြောင်း၊  ကရင်တိုင်းရင်းသားလူငယ်များ ရိုးရာဝတ်စုံများ ဝတ်ဆင်၍ လာရောက်စေလိုကြောင်း’’ ပွဲတော်ကျင်းပရေးကော်မတီ စောရွှေသိန်းကပြောသည်။လက်ချည်ပွဲအား ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊  တိုင်းရင်းသားလူ့အခွင့်ရေး ကာကွယ်ရေးအဖွဲ့၊ တိုင်း ဒေသကြီး/ခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမူကော်မတီအဖွဲ့များ တက်ရောက်ပြီး ပျော်ရွှင်စွာဆင်နွှဲ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

 

 

ပေါက်စ (မင်းလှ)