မင်းတပ်မြို့၌  တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲအတွက် လူရွေးပွဲ ကျင်းပ

မင်းတပ်  ၂၂  သြဂုတ်

၂၀၁၉ ခုနှစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲအတွက် လူရွေးပြိုင်ပွဲကို သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်းက မင်းတပ်မြို့ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

အဆိုပါ လူရွေးပြိုင်ပွဲတွင် တွဲဆိုင်း(၇) ဆိုင်း ယှဉ်ပြိုင်ကြရာ ၂၅ ကီလိုတန်း မောင်ထန်ကပ်မွန် (မကွေး) နှင့် မောင်ထန်းနိုင်း(ချင်း)တို့ပွဲတွင် မောင်ထန်းနိုင်း(ချင်း) ကလည်းကောင်း၊ ၄၆ ကီလိုတန်း မောင်ရိုကိမ်စိန်(မကွေး)နှင့် မောင်အွမ်မာန်(ချင်း)တို့ပွဲတွင် မောင်အွမ်မာန်(ချင်း)က လည်းကောင်း၊ ၄၈ ကီလိုတန်း မောင်ဇမ်လျန်းရှမ်(မကွေး) နှင့် မောင်ထင်ကျော်စံ(ချင်း)တို့ပွဲတွင် မောင်ထင်ကျော်စံ (ချင်း) ကလည်းကောင်း၊ ၄၉ ကီလိုတန်း မောင်ငိုင်းလိန်း(မကွေး) နှင့် မောင်ယောဟန်(ချင်း) တို့ပွဲတွင် မောင်ငိုင်းလိန်း(မကွေး) ကလည်းကောင်း၊ ၅၂ ကီလိုတန်း မောင်ပီတာရှယ်ထန်း(မကွေး) နှင့် မောင်လိန်းအွမ်(ချင်း) တို့ပွဲတွင် မောင်လိန်းအွမ်(ချင်း)က လည်းကောင်း၊ ၅၄ ကီလိုတန်း မောင်တမ်ဟာ (မကွေး) နှင့် မောင်ဟာထန်း(ချင်း) တို့ပွဲတွင် မောင်ဟာထန်း(ချင်း) က လည်းကောင်း၊ ၆၀ ကီလိုတန်း မောင်ဆွင်းလမ်မုန်(မကွေး) နှင့် မောင်လိန်းအွမ်(ချင်း) တို့ပွဲတွင် မောင်လိန်းအွမ်(ချင်း)က လည်းကောင်း အနိုင်ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို အသက်(၂၅) နှစ်အောက် လူငယ်များကို ကီလိုတန်းအလိုက် ယှဉ်ပြိုင်စေကာ အမှတ်ပေးစနစ်ဖြင့် ကျင်းပခဲ့ပြီး အနိုင်ရသူများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခွီရှိန်း(ခရိုင်ပြန်/ဆက်)

 

mdn