မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် ၄ ဇန်နဝါရီ 

မောင်တောမြို့နယ်၊ နယ်မြေ(၂)၊ အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အောင်ဇူနယ်မြေရုံးမှ ရဲမှူးမျိုးမြင့်  ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၁၁) နယ်ခြားစောင့်တပ် Nikuchari ကင်းစခန်းမှ ဒုစခန်းမှူး Naib Subedar Md. Mahbubur Rahman ဦးစီးသည့်အဖွဲ့၊  စကားပြန်/လမ်းပြ ၁ ဦးတို့သည် ဇန်နဝါရီ ၃ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်က မိမိတို့နိုင်ငံ အသီးသီး အတွင်းရှိ နယ်စပ်ခြံစည်းရိုး လမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် (၄၂)မှ (၄၃)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

MDN