“မြန်မာနှစ်ဦးမင်္ဂလာ” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော် ဧပြီ ၁၈

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းဖြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး  Friday Night Live Show တေးဂီတ ဖျော်ဖြေပွဲများကို ဆန်းသစ် တင်ဆက်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ  ၁၉ ရက် ၊ သောကြာနေ့ ည(၉)နာရီခန့်တွင် “မြန်မာနှစ်ဦးမင်္ဂလာ” တေးဂီတဖျော်ဖြေပွဲကို  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

အဆိုပါ  တေးဂီတဖျော်ဖြေပွဲကို စန္ဒရားကွန်းဇော်တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နာမည်ကျော် တေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊ ဝိုင်းလမင်းအောင်၊ စိုးထက်အောင်၊ တက္ကသိုလ်လဲ့လဲ့၊ သဲနုဝါ၊ အိအိချွန်၊ ရဲရင့်ဝေလွင်၊ ရွှေရည်ဝင်း၊ သက်မှူးခင်၊ ဝင်းလဲ့ချယ်ရီနှင့် မေထူးကျော်တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ယင်းအစီအစဉ်ကို ဧပြီ ၂၁ ရက် ၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင်လည်း Replay ထပ်မံပြသမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်