ရန်ကုန် ဇူလိုင် ၁၀

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုး နှင့် ဒေါက်တာ သန်းမြင့် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်  ယနေ့တွင် ရန်ကုန်တိုင်းဒေသ ကြီး ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင် ကလေးပြုစုရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် စောင့်ရှောက်ထားသော ရှေးဦးအရွယ်ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အာဟာရကျွေးမွေးမှု၊ အခြေခံပညာနှင့် မူကြိုပညာရေးအတွက် ဆောင်ရွက်ပေးနေမှု စသည့် အခြေခံ လူ့အခွင့်အရေးများ ရရှိခြင်း ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်