မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၁)ကြိမ်မြောက် ဗဟိုကောင်စီအစည်းအဝေး ကျင်းပပြုလုပ်မည်

နေပြည်တော် ၁၇ ဇန်နဝါရီ 


မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ (၈၁)ကြိမ်မြောက် ဗဟိုကောင်စီအစည်းအဝေးကို ဇန်နဝါရီ (၂၉)ရက်မှ (၃၀)ရက်ထိ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ် စုဝေးခန်းမ၌ ကျင်းပမည် ဖြစ်သည်။


အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အမှုဆောင်အဖွဲ့ဝင်များ၊ ဗဟိုကောင်စီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်မည်ဖြစ်သည်။


မောင်မောင်မျိုး