မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်  ၁၈  ဇန်နဝါရီ  


မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံသံအမတ်ကြီး၊ H.E. Mr. Lee Sang-hwa နှင့်အဖွဲ့အား ယနေ့နံနက်  ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ကိုရီးယားနှင့် မြန်မာနှစ်နိုင်ငံ၏ ဆက်ဆံမှုများ ပိုမိုကောင်းမွန်ရေးနှင့် စီးပွားရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာနိုင်ငံ၌ ကိုရီးယားစီးပွားရေး ရင်းနှီးမြှုပ်နှံသူများမှ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုရရှိရေးကိစ္စတို့နှင့်ပတ်သက်၍ ဆွေးနွေးကြကြောင်း သတင်းရရှိသည်။  


(သတင်းစဉ်)