မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံဆွေးနွေးပွဲအတွက် သတင်းမီဒီယာများနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ ထားဝယ်မြို့၌ ကျင်းပ

ထားဝယ် ၉ ဖေဖေါ်ဝါရီ 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ကြီးမှူးကျင်းပသော မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံဆွေးနွေးပွဲအတွက် သတင်းမီဒီယာများနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ ၉ ရက် နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ မြောက်ရွာရပ်ကွက်၊ ရေးလမ်းရှိ Diamond Crown Hotel, Grand Ballroom ခန်းမ၊ မြေညီထပ်၌ ကျင်းပခဲ့သည်။

 

11581

 

ရှေးဉီးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဉီးအုန်းကြိုင် (ဟံသာဝတီ ဉီးအုန်းကြိုင်)က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဉီးကျော်စွာမင်းက မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

 

11582

 

ထို့နောက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင်များနှင့် ပတ်သက်၍ တက်ရောက်လာကြသော မြိတ်ခရိုင်၊ ကော့သောင်းခရိုင်၊ ထားဝယ်ခရိုင်တို့မှ သတင်းမီဒီယာသမားများက မိမိတို့ဒေသ သတင်းရယူမှုများတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲနှင့် ရင်ဆိုင်ရသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲတွင် ကိုယ်စားပြုဆွေးနွေးမည့် သတင်းသမားများကို ရွေးချယ်ခဲ့ကြသည်။

 

11583

 

ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာ မျိုးသန့်တင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဉီးအုန်းကြိုင် (ဟံသာဝတီ ဉီးအုန်းကြိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာမျိုးသန့်တင်၊ အတွင်းရေးမှူး ဉီးကျော်စွာမင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင်တို့မှ သတင်းမီဒီယာများ၊ စုစုပေါင်း ၃၅ ဉီး တက်ရောက်ခဲ့ကြသည်။

မြင့်ဉီး(မြိတ်)