မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ဖြစ်ပွားခဲ့သောရေကြီးရေလျှံမှုဖြစ်စဉ်တွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာအဖွဲ့အစည်းများ စုပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

၉ သြဂုတ်


ဇူလိုင် ၉ ရက် နံနက် ၇ ခန့်က၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ သံဖြူရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းမှု၍ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၄ လုံးခန့် ပြိုကျခဲ့သဖြင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။


ပိတ်မိနေသူများနှင့် သေဆုံးသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် သထုံခရိုင် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ပေါင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ဘီးလင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးနှင့် ကျိုက်ထိုမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၅ စီး၊  မြေကော်စက် ၁ စီး၊  ဘတ်ဟိုးယာဉ် ၂ စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၄၅ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀ တို့ဖြင့် လည်းကောင်း၊ 


ကရင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦး ဦးဆောင်သော အုပ်ချုပ်မှုယာဉ် ၂ စီး၊ CANTA ယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးတို့ဖြင့်လည်းကောင်း၊ 


မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ကျော်ကျော်မင်း ဦးစီး တပ်ဖွဲ့ဝင် ၁၀၉ ဦးတို့ဖြင့် လည်းကောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ဦးနှင့် သေဆုံးသူ ကျား ၅ ဦး၊ မ ၅ ဦးတို့အား ရှာဖွေကယ်ဆယ် တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိရပါသည်။


သတင်းစဉ်