မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူများအတွက် အနုပညာရှင်များ၏ ရန်ပုံငွေဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲ သုဝဏ္ဏကွင်း၌ ကျင်းပမည်

ကိုလင်း

မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေရရှိစေရန် အနုပညာရှင်များစွာပါဝင်သည့် ရန်ပုံငွဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲကြီးကို Myanmar Media 7 ၏ ဦးစီး စီစဉ်မှုဖြင့် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းကြီး၌ သြဂုတ် ၂၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဘ

ောလုံးပွဲတွင် ပါဝင်ကစားကြမည့် အနုပညာရှင်များမှာ စိုင်းစိုင်းခမ်းလှိုင်၊ ပြေတီဦး၊ မင်းမော်ကွန်း၊ Rဇာနည်၊ ထွန်းထွန်း၊ သူထူးစံ၊ ရဲလေး၊ ယုန်လေး၊ နန္ဒစိုင်း၊ ဟက်ကက်၊ ဖြိုးလေး(Snare)၊ နေဝင်း (Snare )၊ ဒေါင်း၊ ထူးအယ်လင်း၊ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင် ၊ G Fatt ၊ X Box ၊ နေမင်း၊ ဟန်ဇာမိုးဝင်း၊ မိုးယံဇွန်၊ နေဒွေး ၊ ညီနန္ဒ၊ ကျော်ကျော် ၊ ဝင်းထွန်းထွန်း၊ နိုင်းဝမ်း၊ သားသား၊ ဒီဖြိုး၊ စူးရှ၊ ဥက္ကာ၊ အောင်လေး၊ ဝေလျှံ၊ Morris (Project K ) ၊ ရဲနောင်(Myanmar Idol)၊ ဆန်းတိုးနိုင်၊ ချာလီနှင့် Ice Cold တို့ဖြစ်သည်။

ဂီတဖျော်ဖြေပွဲတွင် ဖျော်ဖြေသီဆိုကြမည့် အနုပညာရှင်များမှာ ဟဲလေး၊ မိုးမိုး၊ ဖြိုးပြည့်စုံ၊ ထက်ယံ၊ ဝေကြီး၊ အုပ်စိုးခန့်၊ နီနီခင်ဇော်၊ အိုင်းရင်းဇင်မာမြင့်၊ မိစန္ဒီ၊ နွေးနွေးချစ်ဖွယ်၊ လိမ္မော်သီး၊ Jewel ၊ ဝိုင်းလေး၊ ကေကေမိုး၊ မေမဒီနှင့် BPML အဖွဲ့တို့ဖြစ်သည်။

 

ထို့အပြင် ဘောလုံးပွဲနေ့တွင် အနုပညာရှင်များဖြစ်သော သားညီ၊ ရဲရင့်အောင်၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်၊ ဝါဆိုမိုးဦး၊ စံရတီမိုးမြင့်၊ ယုသန္တာတင်၊ နေခြည်ဦး၊ ခင်ဝင့်ဝါ၊ ရွှေသမီး၊ နန်းခင်ဇေယျာ၊ ရတနာဗိုလ်၊ သျှားထွဋ်အိန္ဒြာ၊ ဧငြိမ်းဖြူ၊ နှင်းပွင့်ဧကရီ၊ ပိုးကြာဖြူခင်၊ မေတိုးခိုင်၊ နော်ဖောအယ်ထာ၊ ကူးကူး ဇင်အောင်၊ သဲနန္ဒာစိုး၊ ဝေလာရီ၊ နှင်းသွေးယုအောင်၊ သီရိကျော်၊ ထွဋ်မြတ်ရွှေရည်၊ သဉ္ဇာနှင့် ဝမ်ဝမ်းတို့က အလှူခံကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေဘေးကယ်ဆယ်ရေးရန်ပုံငွေ ဘောလုံးပွဲနှင့် ဂီတဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုရင်း အလှူငွေများ ပါဝင်လှူဒါန်းလိုသော ပရိသတ်အလှူရှင်များအနေဖြင့် လက်မှတ်များကို အထူးတန်း ကျပ် ၃၀ဝဝ နှင့် ရိုးရိုးတန်း ကျပ် ၁၀ဝဝ နှုန်းဖြင့် ဝယ်ယူနိုင်ကြောင်း၊ အဆိုပါ ရန်ပုံငွေပွဲကို Sky Net မှလည်း တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ပရိသတ်များအနေဖြင့် အလှူငွေများ လှူဒါန်းလိုလျှင်လည်း ရေဘေးရန်ပုံငွေအတွက် ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ်အကောင့် (ဝ၂၇၁၂၂၀ဝ၄၁၉၅၃) သို့ ထည့်ဝင်လှူဒါန်းနိုင်သလို ဖုန်းနံပါတ် ဝ၉ ၈၉၄၅၂၂၁၉၃ နှင့် ဝ၉ ၈၉၄၅၂၂၁၈၄ သို့လည်း နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

မြန်မာ့အလင်း