မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းမည်

အိမ်မဲ  ၁၃ သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ လူမှုကူညီရေးအဖွဲ့မှ ဦးဆောင်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များမှ ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများကို သြဂုတ် ၁၆ ရက်တွင် သွားရောက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

289

 

“ကျွန်တော်တို့ အိမ်မဲမြို့နယ် လူမှုကူညီရေးအဖွဲ့က ဦးဆောင်ပြီး သြဂုတ် ၁၁ ရက်မှ စတင်ကာ မြို့နယ်အတွင်း အသံချဲ့စက်များနဲ့ လိုက်လံဆော်သြနှိုးဆော်၍ ရွှေဘုံသာတန်းဆောင်မှာ အလှူခံဌာန ဖွင့်လှစ်ပြီး အလှူငွေများကို လက်ခံကာ ရရှိသည့် လှူဒါန်းငွေများကို မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ရေဘေးသင့် ပြည်သူတွေကို သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့” လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

 

609

 

ရေဘေးသင့် ပြည်သူများအား စားနပ်ရိက္ခာ လှူဒါန်းရန်အတွက် အိမ်မဲမြို့ လူမှုကူညီရေးအဖွဲ့မှ မြို့မဈေးကြီးအနီး ရွှေဘုံသာတန်းဆောင်တွင် သြဂုတ် ၁၁ ရက်မှ စတင်ပြီး အလှူခံဌာန ဖွင့်လှစ်ထားရှိရာ ဆန်စက်ပိုင်ရှင်ကြီးများအသင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် ပြည်သူများက လာရောက်၍ အလှူငွေများ ထည့်ဝင်နေကြောင်းလည်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)