မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ် စောင်းတန်းရှိ ဈေးဆိုင်ခန်းခ တိုးမြင့်ကောက်ခံမည် 

မန္တလေး ၁၀ ဇန်နဝါရီ

 

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီး စောင်းတန်းများရှိ ဈေးဆိုင်ခန်းများကို ဆိုင်ခန်းခ တစ်လကျသင့်ငွေ ထက် ၁၄၀ဝ၀ ကျပ် ထပ်တိုး ကောက်ခံမည်ဖြစ်ရာ ဆိုင်ရှင်တစ်ချို့က ဆိုင်းခန်းခအတွက် အခက်အခဲရှိနေကြောင်း ပြောသည်။

 

6

 

ယခင်က ဘုရားကြီးစောင်းတန်းရှိ ဈေးဆိုင်ခန်းများကို တစ်လလျှင် ၆၀ဝ၀ ကျပ် မှ ၁၀ဝ၀ဝ ကျပ်အထိ ပေးရပြီး ယခုလမှစ၍ မူလ ဆိုင်းခန်းငှားခ အပြင် တစ်ဆိုင်ကို ၁၄၀ဝ၀ ကျပ်တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။

 

7

 

" ဈေးရောင်းတာ အဆင်ပြေတဲ့သူရှိသလို အဆင်မပြေတဲ့သူလည်းရှိတယ် ။ တခါတလေ ဈေးဦးမပေါက်တဲ့ရက် တွေရှိတယ် ။ သူတို့ပြောတဲ့ အနေအထားကများတယ် ။ တစ်လကို စုစုပေါင်း ၁၅၀ဝ၀ လောက်ဆို အဆင်ပြေနိုင်တယ် ။ ဆိုင်ခန်းခတင်မဟုတ်ဘူး ။ မီတာခလည်းဆောင်ရတယ် အလုပ်သမားခလည်းရှိတယ် ဆိုတော့ အခက်အခဲရှိတယ်။"ဟု  ဆိုင်ခန်းပိုင်ရှင် ကိုဝင်းမင်း က ပြောသည်။

 

8

 

မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီး ဂေါပက အနေဖြင့် ဆိုင်ခန်းခများကို တိုးမြှင့်ကောက်ခံခြင်း သဘောမျိုးမဟုတ်ပဲ သန့်ရှင်းရေး ၊ လုံခြုံရေး တို့ကို ဆောင်ရွက်ထားသည့်အတွက် ဘုရားဝေယျာဝစ္စ အသုံးပြုရန် အလှူငွေတိုးကောက်ခြင်းသာဖြစ်ကြောင်း သိရသည်။

 

" ကျွန်တော်တို့ပြောတာ ၁၄၀ဝ၀ တိုးလှူပါ ။ အဲ့ဒီလောက်တိုးမှ ၆၀ဝ၀ ကျတဲ့ဆိုင်ခန်းဆို ၂၀ဝ၀ဝ ကျမယ် ။ တစ်ရက်မှာ ၆၀ဝ ကျော်ပဲ ကျမယ် ။ ဒီငွေကလည်း ဘုရားမှာပြုပြင်မွမ်းမံရမယ့်ဟာတွေ အများကြီးပဲ ။ ဘုရားမှာ ရွှေချရန်ဆိုတာရှိတယ် ။ကျောင်းတော်ကြီး အလှူ ၊ ဓာတ်မီးတော် ၊ ပဒေသာပင် စတာတွေရှိတယ် ။ တစ်နေ့ ၆၀ဝ လောက်ပေးရတဲ့ ဆိုင်ခန်းခကို ဘုရားမလှူနိုင်ဘူးလား ။ " ဟု မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီး ဂေါပက ဥက္ကဋ္ဌ ဦးစိုးဝင်း က ပြောသည်။

 

ထိုသို့ တိုးမြှင့်အလှူခံခြင်းသည် ဆရာတော်ဘုရားကြီးတွေထံ သြဝါဒခံပြီး စောင်းတန်းကိုယ်စားလှယ်များနှင့် ညှိနှိုင်း၍ စောင်းတန်းကိုယ်စားလှယ်များက သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

 

မဟာမုနိရုပ်ရှင်တော်မြတ် ဘုရားကြီးတွင် ဆိုင်ခန်းပေါင်း ၈၀ဝ ကျော်ရှိပြီး သဘောမတူသည့်သူများ ၂၀ဝ ခန့်သာရှိကြောင်း သိရသည်။

 

သူရိန်လင်း