မန္တလေးအမျိုးသားဇာတ်ရုံတွင် အိန္ဒိယယဉ်ကျေးမှုအဖွဲ့ ဖျော်ဖြေမည်

မြန်မာ-အိန္ဒိယ ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးနှင့် ချစ်ကြည်ရေး အစီအစဉ်အရ မန္တလေးမြို့ ရုံးစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် Jawaharlal Nehru Dance Academy(JNMDA) တို့ပူးပေါင်း၍ The 5th International Sankirtan Day Celebration,2018 အထိမ်းအမှတ် မဏိပူရပြည်နယ် ယဉ်ကျေးမှု အကအဖွဲ့ ဖျော်ဖြေတင်ဆက်ပွဲကို ဒီဇင်ဘာ ၁၇ ရက် ညနေ ၆ နာရီတွင် အောင်မြေသာစံမြို့နယ် ၆၆ လမ်းရှိ မန္တလေး အမျိုးသားဇာတ်ရုံတွင် ဖျော်ဖြေတင်ဆက်မည် ဖြစ်သည်။ 

မဏိပူရ ယဉ်ကျေးမှုအဖွဲ့သည် အိန္ဒိယ ရိုးရာကျေးလက်တေးများ၊ အကများဖြင့် ဖျော်ဖြေမည်ဖြစ်ရာ အနုပညာ ချစ်မြတ်နိုးသူများ အခမဲ့လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။     
             

သီဟကိုကို(မန္တလေး)