မန္တလေးမြို့တွင် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပမည်

မန္တလေး ၁၇ ဇန်နဝါရီ


မန္တလေးမြို့တွင် ၁၇ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ ပန်းမန်ပြပွဲနှင့် ပြိုင်ပွဲကို ကန်တော်ကြီး လူထုအပန်းဖြေဥယျာဉ် ၌ ကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီထံက သိရသည်။

 

456


အဆိုပါ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲနှင့် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အမျိုးအစား ၂၃ မျိုး ပါဝင်ပြသသွားမည် ဖြစ်သည်။ ထို့ပြင် ပန်းအလှပြိုင်ပွဲ၊ အရွက်လှပြိုင်ပွဲ၊ သစ်ခွပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ စသည်တို့လည်း ပါဝင်သွားမည်ကြောင်း သိရသည်။

 

123


"ပြိုင်ပွဲ ကျင်းပရတာကတော့ ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေ စိုက်ပျိုးနည်းပညာများကို ဖလှယ်နိုင်ရန်၊ အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းတွေ ဆောင်ရွက်လာစေရန်နှင့် ပြည်သူလူထုက  စိတ်ဝင်စားစေရန်၊ နောက်ပြီး ဟင်းသီးဟင်းရွက်တွေကို အိမ်တွေမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာနိုင်စေရန်ရည်ရွယ်ပါတယ်" ဟု ပန်းဥယာဉ်နှင့် ကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


သစ်သီးဝလံ ပန်းမန်ပြပွဲနှင့်ပြိုင်ပွဲတွင် လာရောက်သူများကို စည်စည်ကားကား ဖြစ်စေရန် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှု့သူများအတွက် စားသာက်ဆိုင်များ၊ ကလေးကစားကွင်းများ ထည့်သွင်းပေးသွားမည် ဖြစ်သည်။

 
ထို့ပြင် သစ်သီးဝလံ ပန်းမန်ပြပွဲနှင့် ပြိုင်ပွဲတို့တွင် ပြသထားသည်များကို ပြည်သူလူထု သိရှိနိုင်ရန်အတွက် ဌာနဆိုင်ရာပြခန်းများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များလည်း ထည့်သွင်းသွားမည်ဖြစ်သည်။


သစ်သီးဝလံ ပန်းမန်ပြပွဲနှင့် ပြိုင်ပွဲကို ဆုတော်ငွေအဖြစ် ပထမဆုကို ကျပ်နှစ်သိန်း၊ ဒုတိယဆုကို ကျပ်တစ်သိန်းခွဲ၊ တတိယဆုကို တစ်သိန်းနှင့် နှစ်သိမ့်ဆုကို သုံးသောင်းစီ ချီးမြင့်ပေးသွားမည်ဖြစ်သည်။


အဆိုပါ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲနှင့်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်သူများ အနေဖြင့် ဖေဖဝါရီ ၉ ရက်နေ့ ညနေ ၄ နာရီအရောက် ကန်တော်ကြီး အပန်းဖြေဥယျာဉ်ကွပ်ကဲရေးရုံးသို့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ ပို့ပေးကာယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။


သူရိန်လင်း