မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၁၈  ဇူလိုင်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာနသည် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့ စနစ်အရ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် နယ်မြေတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် ဇူလိုင် ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ် ဟေမမာလာမြောက်ရပ်ကွက် ၇၆×၇၇ကြား၊ ၃၆လမ်းနေရာနှင့် ပြည်ကြီးတံခွန် မြို့နယ် (ဈ)ရပ်ကွက် မက္ခရာလမ်းနှင့် (၆၃)လမ်းထောင့်တို့၌ မော်တော်ယာဉ်များပေါ်မှ တရားမဝင်သစ် ၁ ဒသမ ၄၈၂၂ တန်နှင့်အတူ တရားခံတစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် တပ်လွင်ကြိုးဝိုင်း အကွက်အမှတ်(၄၁)(၅၂)နှင့် (၅၄)တို့၌ တရား မဝင်သစ် ၂၅ ဒသမ ၅၃၂၂ တန်နှင့်အတူ သစ်စက်(၂)လုံး၊ ဇူလိုင် ၁၆ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့နယ် ရွှေသဲဝချောင်းအနီး၌ တရားမဝင်သစ် ၄ ဒသမ ၂၅၄၈ တန် တို့ကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ ဖမ်းဆီအရေးယူလျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

မောင်မျိုး

 

mdn