MPT ဝန်ထမ်းများအား ဂျပန်နိုင်ငံသို့ နောက်ဆုံးပေါ်ဆက်သွယ်ရေးနည်းပညာများသင်ကြားနိုင် ရန်ဒုတိယအကြိမ်မြောက်စေလွှတ်

ရန်ကုန် ၂၈ စက်တင်ဘာ 

 

မြန်မာနှင့်ဂျပန်နှစ်နိုင်ငံကြား နည်းပညာနှင့်ပူးပေါင်းဆောင်ရွက်မှုများ နှီးနှောဖလှယ်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံ၏တိုးတက်ပြောင်းလဲနေသည့် နောက်ဆုံးပေါ် ဆက်သွယ်ရေးနည်းပညာများကို လေ့လာသင်ယူခွင့်အခွင့်အလမ်းကောင်းတစ်ခုအဖြစ် MPT ဝန်ထမ်း (၅)ဦးကို ဂျပန်နိုင်ငံသို့ ဆက်သွယ်ရေးနည်းပညာအထူးသင်တန်း ဒုတိယအကြိမ်မြောက်စေလွှတ်မည်ဖြစ်ကြောင်း စက်တင်ဘာ(၂၈)ရက်ညနေ(၄)နာရီကရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ MPT ရုံးတွင်ကျင်းပသည့် အခမ်းအနားမှ သိရသည်။

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် စေလွှတ်မည့်သင်တန်းသားများကို MPT ၏လုပ်ငန်းဌာနအသီးသီးမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး စာတွေ့အပြင် လက်တွေ့ကွင်းဆင်းကွင်းဆင်းသင်ကြားမှုများလည်းပါဝင်မည်ဖြစ်ရာ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ အသီးသီးတွင် ကျွမ်းကျင်ပညာရှင်များအဖြစ် ဆက်လက်လုပ်ကိုင်သွားနိုင်မည်ဖြစ်သည်။

 

“မြန်မာဆက်သွယ်ရေး ကဏ္ဍကတကယ့်ကို လျင်မြန်တိုးတက်နေသလို နောက်ဆုံးပေါ်နည်းစနစ်တွေကို ပညာရှင်တွေဆီကနေ လေ့လာသင်ယူရမယ့်အပိုင်း တွေရှိနေတဲ့အတွက် ဝန်းထမ်းတွေကို စေလွှတ်ရခြင်း ဖြစ်ပါတယ်။အသစ်ရရှိလာတဲ့ ကျွမ်းကျင်မှုပညာရပ်တွေနဲ့အတူ MPTရဲ့လုပ်ငန်း လည်ပတ်မှုတွေမှာ အသုံးချနိုင်မယ့်အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အထောက်အပံ့ဖြစ်စေမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးခင်မောင်ထွန်းကပြောသည်။

 

“ဂျပန်နိုင်ငံရဲ့ထိပ်တန်းအော်ပရေတာတစ်ခုဖြစ်တဲ့ KDDI ကိုသွားပြီး နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ဈေးကွက်အခြေအနေတွေ လေ့လာခွင့်ရမှဖြစ်လို့ ကျွန်မတို့အတွက် အတွေ့အကြုံ ကောင်းတွေအများကြီးရရှိစေမှာပါ။ရရှိလာတဲ့ အတွေ့အကြုံဗဟုသုတတွေကိုလည်း လုပ်ဖော်ကိုင်ဖက်တွေထံ ပြန်ပြီးမျှဝေသွားမှာပါ။ လူငယ်တွေအနေနဲ့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုမှာ တစ်ထောင့်တစ်နေရာအတွက်အထောက်အကူ ဖြစ်စေတာကြောင့် ဂုဏ်ယူဝမ်းသာရပါတယ်” ဟု သင်တန်းသူတစ်ဦးဖြစ်သော မဇာလီဇင်သိန်းက ပြောသည်။

 

သင်တန်းသား(၅)ဦးမှာ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၃) ဦး ဖြစ်ပြီး (၂၀၁၇)ခုနှစ်၊ ဇူလိုင်လတွင် ပထမအကြိမ်အဖြစ် အမျိုးသမီး (၂) ဦးနှင့် အမျိုးသား(၂)ဦးကို ဆက်သွယ် ရေးနည်းပညာရပ်များကို ဂျပန်နိုင်ငံ KDDI Corporation က သင်ကြားပေးခဲ့ကာ ယခုသင်တန်း သားများအနေဖြင့် ပထမ(၃)လတွင် ဂျပန်ဘာသာစကားကို လေ့လာသင်ယူရမည်ဖြစ်ပြီး သီအိုရီ ပိုင်းဆိုင်ရာအသေးစိတ် အချက်အလက်များ၊ လက်တွေ့သင်ကြားမှုတို့ကို KDDI မထူးချွန်ဝန် ထမ်းများက အနီးကပ်သင်ကြားပေးသွား မည်ဖြစ်ကြောင်းနှင့် သင်ကြားရမည့် ဘာသာရပ်များမှာ Project mana gement ၊ Marketing ၊ Finance ၊Busin ess skills and planning နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းတို့ကိုလု  ပ်ငန်းခွင်အတွင်း တစ်နှစ်တာ သင်ကြားသွားရမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်
ဓာတ်ပုံ - သန်းစိုး