မတ္တရာမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မတ္တရာ  ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ ညနေ ၅ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်းရှိ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဗိုလ်လုပွဲများအဖြစ် အလတ်တန်း နှစ်ယောက်တွဲနှင့် လူသစ်တန်း နှစ်ယောက်တွဲ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားသမားများမှ ကြည့်ရှုအားပေး ခဲ့ကြသည်။

 

ဗိုလ်လုပွဲများအပြီးတွင် တစ်ဦးခြင်းကြက်တောင်ရိုက်ပြိုင်ပွဲ၌ ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအောင်သူရသိန်းမှ ဆုတံဆိပ်များနှင့် ဆုချီးမြှင့်ငွေများ၊ လူသစ်တန်းကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယုနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်း ထိန်းတို့မှ ဆုတံဆိပ်များနှင့် ဆုချီးမြှင့်ငွေများ၊ အလတ်တန်းကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမောင်မောင်သန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးနိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသီတာတို့မှ ဆုတံဆိပ်များနှင့် ဆုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့် ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ စတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကြက်တောင်ရိုက် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာရေး အတွက် ပြိုင်ပွဲများကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)