မူးယစ်ဆေးဝါးပြဿနာများဖြေရှင်းဆောင်ရွက်ရာတွင် စိန်ခေါ်မှုအသစ်များစွာကြုံတွေ့နေရဆဲဖြစ် 

နေပြည်တော်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ်ကျင်းပသည့် (၅)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တရားမဝင်ရောင်းဝယ်ဖောက် ကားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နှစ်နိုင်ငံ ကိုယ် စားလှယ်များက မူးယစ်ဆေးဝါး ပြဿနာရင်ဆိုင်ဖြေရှင်းရာတွင် ကြုံတွေ့နေရသည့် အတွေ့အကြုံ များနှင့် စိန်ခေါ်မှုအခက်အခဲများ၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များ၊ နှစ်နိုင်ငံအကြား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ် ပူးပေါင်းဆောင် ရွက်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံပူးတွဲကင်းလှည့်ခြင်းဆိုင်ရာကိစ္စရပ်များ၊ (၆) ကြိမ်မြောက် အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေး ဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း ၍ ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Md. Abdul Wahhab Bhuiyan ဦးဆောင်သည့် ကိုယ်စားလှယ်များတက်ရောက်ကြပြီး မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ် ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်းသိရသည်။

အစည်းအဝေးတွင် ရဲမှူးချုပ် ဝင်းနိုင် က ကမ္ဘာတဝန်းရှိ လူသားမျိုးနွယ်အားလုံးအပေါ် အချိန် ကာလကြာမြင့်စွာ အန္တရာယ်ပေးနေသည့် မူးယစ်ဆေးဝါးပြဿနာများကြောင့် ကမ္ဘာ့နိုင်ငံများတွင် ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ ထိခိုက်ပျက်စီးစေလျက်ရှိ ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာများဖြေရှင်းဆောင်ရွက်ရာတွင်စိန်ခေါ်မှုအသစ်များစွာ ဆက်လက် ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ အရည်အသွေးကောင်းပြီးဈေးနှုန်းသက်သာသည့်လူလုပ်ဆေးဝါးသစ် များထွက်ပေါ်နေခြင်းကြောင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့အတူ     ခေတ်မီနည်းပညာများတိုးတက်လာခြင်းကလည်း လူနေမှုဘဝအဆင့်အတန်း မြင့်မားလာ  စေရေးကောင်းကျိုးများရှိသကဲ့သို့ တစ်ဖက်တွင်မူးယစ်ဂိုဏ်းအဖွဲ့များက နည်းပညာတိုး တက်မှုကို အခွင့်ကောင်းယူအသုံးချပြီးမူးယစ်ဆေးဝါးနှင့် ပရီကာဆာဓာတုပစ္စည်းများကို ပုံစံအမျိုး မျိုးဖြင့် သယ်ဆောင်ရောင်းဝယ်မှုများပြုလုပ်လာကြကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုမှရရှိသည့်အကျိုးအမြတ်ငွေကြေးများသည် အကြမ်းဖက်တိုက်ခိုက်မှု၊ လက်နက်မှောင် ခိုမှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများအရှိန်မြင့်လာအောင် တွန်းအားပေးလျက်ရှိသဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုများ ထိခိုက်စေကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံအားလုံးနီးကပ်စွာပူးပေါင်းဆောင်ရွက်မှုသည် အဓိကအရေးကြီးသည့်အခန်းကဏ္ဍတစ်ရပ်အ ဖြစ်ပါဝင် နေကြောင်းပြောကြားသည်။

ဆက်လက်၍ ရဲမှူးချုပ်ဝင်းနိုင်က မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေး ဘက်ပေါင်းစုံ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်း၍လည်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကဏ္ဍကို အထူးအလေးထား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများအဖြစ်ထုတ်လုပ်ရာတွင် ပရီကာဆာ ဓာတုပစ္စည်းများသည် အဓိကမရှိမဖြစ်လိုအပ်သည့်အတွက် ပရီကာဆာဓာတုပစ္စည်းများကို နည်း လမ်းစနစ်တကျတားဆီးထိန်းချုပ်ရေး ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပရီကာဆာ ဓာတုပစ္စည်းများ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်နေခြင်း ကြောင့် လူလုပ်မူးယစ်ဆေးဝါးထုတ်လုပ်မှုမြင့်တက်လာခြင်းသည် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း၊    မြန်မာနိုင်ငံတွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာကွန်ဗင်းရှင်း များအရလည်းကောင်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်အရလည်းကောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်း ၃၉ မျိုးကို ထိန်းချုပ်သတ်မှတ်ကာ ဓာတုပစ္စည်းများလမ်းလွဲရောက်ရှိမှု မရှိစေရေးအထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

သတင်းစဉ်