မြဝတီမြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် ဆိုင်ကယ်ဦးထုပ်များ မဲဖောက်ပေး 

မြဝတီ  ၁၅ ဇန်နဝါရီ  


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း နှင့် ဆိုင်ကယ်ဦးထုပ်များ မဲဖောက်ခြင်းများကို ယနေ့ နံနက် ၈ နာရီက Ever Land စားသောက်ဆိုင်ရှေ့ အာရှလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

" အဓိက ရည်ရွယ်ချက်က ဆိုင်ကယ်စီးသူများ ဦးထုပ်ဆောင်းဖို့ပါ။ မြဝတီမှာ ယာဉ်တိုက်မှုကြောင့် ဖြစ်တာက ဦးထုပ် မဆောင်းလို့က ၆၉ ဒဿမ ၈ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံမှာက ဦးထုပ်မဆောင်းလို့ ဖြစ်တာက ၅၄ ရာခိုင်နှုန်း၊ အဲ့တာကြောင့် ဆိုင်ကယ်စီးရာမှာ ဦးထုပ်မဆောင်းတဲ့သူက ပိုများနေပါတယ်၊ အဲ့တော့ ထိခိုက်ဒဏ်ရာရမှုတွေလည်း ပိုများတဲ့အတွက် အခုလို ဆောင်ရွက်ပေးရတာဖြစ်ပါတယ် "  ဟု အမှတ်(၇၃)ယာဉ်ထိန်း တပ်ဖွဲ့စု(မြဝတီ)မှ ဒုရဲမှူး ထွန်းထွန်းက ပြောသည်။

 

mdn

 

ထိုသို့ဆောင်ရွက်ရာ ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်းမရှိဘဲ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်များ၊ လူနှစ်ယောက်တင်ပြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်များအား တားဆီးပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို အမှတ်(၇၃) ယာဉ်ထိန်းတပ်ဖွဲ့စု(မြဝတီ)မှ ဒုရဲမှူး ထွန်းထွန်းက အသိပညာပေး ဟောပြောသည်။

 

mdn


ထို့နောက် ဆိုင်ကယ်ဦးထုပ်များအား မဲဖောက်ပေးရာ မဲပေါက်သူများအား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ အမှတ်(၇၃) ယာဉ်ထိန်း တပ်ဖွဲ့စု(မြဝတီ)မှ ဒုရဲမှူးထွန်းထွန်းနှင့်တာဝန်ရှိသူများက ဆိုင်ကယ်ဦးထုပ်များကို ကိုယ်တိုင်ကိုယ်ကျ ဆောင်းပေးခဲ့ကြောင်း သိရသည်။  

    
ထိန်လင်းအောင်(ပြန်/ဆက်)