မယ်စဲ့မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွာများအား လူမှုရေးပင်စင်ထောက်ပံ့

မယ်စဲ့ ဒီဇင်ဘာ ၂၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွာများအား လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယနေ့နံနက်က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန္တာမြင့်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက နမ့်မန်းကျေးရွာ၊ ဝမ်ကန်ကျေးရွာ၊ လမ်းဆုံကျေးရွာ၊ နမ့်ဟူးကျေးရွာတို့မှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၀ ဦးအား ပထမသုံးလပတ်အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၀၀၀၀၀ ကို ဘိုးဘွားများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)