နာဆာက ယာဉ်ငယ် အင်္ဂါဂြိုဟ်ပေါ် ခြေချနိုင်ပြီ

၂၇ နိုဝင်ဘာ

 

အမေရိကန် အာကာသအေဂျင်စီ နာဆာက လွှတ်တင်လိုက်တဲ့ အင်ဆိုက် (InSight) ယာဉ်ငယ်ဟာ အင်္ဂါဂြိုဟ်ပေါ် ခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီယာဉ်ငယ်ကို ဒီဇိုင်းပုံစံထုတ်ချိန်ကနေ အခုနောက်ဆုံး ခြေချနိုင်ဖို့အထိ ခုနစ် နှစ်နီးပါးကြာပြီး အဲဒီယာဉ်ငယ်ဟာ အမေရိကန်ဒေါ်လာ ၉၉၃ သန်း တန်ဖိုးရှိကြောင်း သိရပါတယ်။

 

 

အခုတော့ အင်္ဂါဂြိုဟ်မျက်နှာပြင်ရဲ့ အောက်မှာ ဘာတွေ တည်ရှိနိုင်လဲ၊ အတွင်းအပူချိန် ဆိုတာကို လေ့လာဖို့အတွက်  အင်ဆိုက်ယာဉ်ငယ်ဟာ အချိန် နှစ်နှစ်လောက် အင်္ဂါဂြိုဟ်ပေါ်မှာ နေမှာဖြစ်ပါတယ်။ 

 

MDN